Daily Eleven သတင်းစာ CEO ကိုရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ အမှုဖွင့်

Daily Eleven သတင်းစာ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် Eleven Media Group အယ်ဒီတာအဖွဲ့ဝင်များကို FB Page နှင့် Than Htut Aung Account ပိုင်ရှင်အားဆက်သွယ်ရေးဥပဒေ

ပုဒ်မ ၆၆(ဃ) အရ ယနေ့ နေ့လည် ၁ နာရီက တာမွေမြို့မရဲစခန်း

တွင် (ပ) ၈၉၃/ ၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ဖြေကြားလိုက်ကြောင်း သတင်းရရှိပါသည်။ သတင်းစာတွင် ဒေါ်လာတစ်သိန်းတန်နာရီအား ဝန်ကြီးချုပ်တစ်ဦးမှ ဝတ်ဆင်ထားပြီး။ ထိုနာရီကို လက်ဆောင်ပေးသူမှာ မူးယစ်ဆေးဝါးအမှုနှင့် ထောင်ကျဖူးသော သူဌေးကြီးတစ်ဦးဖြစ်သည် အစရှိသဖြင့် ရေးသားချက်များ ပါဝင်သောကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ခဲ့ခြင်းဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။