၅ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းကျင့်သူကို ဖမ်းမိပြီ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အရှေ့ဘက်ရပ်ကွက်၊ အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေတဲ့ နေရာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအား မုဒိမ်းကျင့်သူကို ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

မုဒိမ်းကျင့်သူဟာ ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက် (ပန်းသီးအရှေ့ပိုင်းရပ်ကွက်) လှထွန်းဦး (အသက် ၃၁ နှစ်) ဖြစ်ပြီး မသင်္ကာသူ ၁၀ ယောက်ကျော်ထဲမှ စစ်ဆေးတဲ့အခါ အမှုပေါ်ပေါက်တာလို့ ပေါက်တော မြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ ၁၁ နာရီခန့်လောက်မှာ တရားခံကို ဖမ်းမိပါတယ်။ မနေ့ ညနေကတည်းက သူရဲ့ယောက္ခမ နေအိမ်မှာ မသင်္ကာလို့ စစ်ဆေးပြီး ခေါ်လာပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာက လူတွေ ၁၀ ယောက်ကျော်ကို ကျနော်တို့ ခေါ်ယူမေးမြန်းမှုတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ မနေ့ညကတည်းသူပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံသယရှိတဲ့သူတွေ ထပ်မံစစ်တယ်။ အဲဒီမှာ သူက ဝန်ခံလိုက်တယ်။ သူတယောက်တည်း ကျင့်တာလို့ ပြောတယ်။”

“ ကျနော်တို့ ထပ်မံပြီးစစ်ဆေးတဲ့အခါမှာ တရားခံက မနေ့ ညနေကတည်းက အရက်သောက်ထားတယ်လို့ ပြောတယ်။ အခုလုပ်နေတဲ့ အိုးအိမ်အခန်းမှာကလေးမကိုဆွဲသွင်းလိုက်ပြီးတော့ ပါးစပ်ကိုပိတ်တယ်။ ညာဘက်နဲ့လည်ပင်းကိုညစ်တယ်။ ပြီးတော့မှ ပြုကျင့်တယ်လို့ပြောပါတယ်။ အဲ့ဒီမှာ ကလေးမလေးကအသံလုံးမထွက်နိုင်တော့ အနီးအနားကစောင်တထည်ကို ယူပြီး ကလေးမကို စောင်ပတ်ပြီးတော့ လွှင့်ပစ်ထားခဲ့တယ်။ ပြီးတော့သူထွက်ပြေးသွားတယ်။” လို့ လှထွန်းဦးရဲ့ ထွက်ဆိုချက်ကို ရဲအုပ်က ပြန်လည်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ကလေးငယ်ကို မုဒိမ်းပြုကျင်းသူက ခန္ဓာကိုယ်ကို စောင်ပတ်ပြီး အနီးအနားကပတ်ဝန်းကျင်တစ်ခုလွှင့်ပစ်ထားခဲ့တာပါ။ အဲ့ဒါကို ပြုကျင့်ခံရသူ့ရဲ့ မိခင်ကတွေရှိလို့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်းခဲ့တာဖြစ်ပါတယ်။

မုဒိမ်းပြုကျင်ခံရတဲ့ကလေးရဲ့အခြေအနေမှာ စိုးရိမ်ရပြီး စစ်တွေမြို့ကို ဒီနေ့မနက်ပိုင်းကဆေးကုသဖို့ ထွက်သွားပြီလို့ ရဲအုပ်ကဆက်ပြောပါတယ်။

တရားခံဖြစ်သူ လှထွန်းဦး အသက် ၃၁နှစ်ကို ပေါက်တောမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၃၇၆၊ ပ ၁၆၁/၂၀၁၆ နဲ့ ပေါက်တောမြို့ရဲစခန်းက ဖမ်းဆီးအရေးထားတယ်လို့ ပြောပါတယ်။

Credit - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။