တာချီလိတ်၌ အသက်(၁၂)ရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု ဟွေရဲကျေးရွာ အောင်မင်္ဂလာဘုန်းတော်ကြီးသင် စာသင် ကျောင်းမှ အသက်(၁၂)နှစ်ရှိ မိန်းကလေးငယ် တစ်ဦးအား ဘုန်းကြီးကျောင်းတွင် ယာဉ်မောင်းသူက အဓမ္မပြုကျင့်ခဲ့သည့် အတွက် တာချီလိတ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ (၄) ရက်က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်၏ ကျန်းမာရေး အခြေအနေပုံမှန် မဟုတ်သဖြင့် အတန်းပိုင်ဆရာမ ဖြစ်သူက အခြား ဆရာမတစ်ဦး၏ အကူအညီဖြင့် မေးမြန်းရာမှ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ယာဉ်မောင်း နေသူ အသက်(၅၄)နှစ်ရှိ ဌေးဝင်း (ခ) ဌေးဝင်းဦးက အဆိုပါ မိန်းကလေးငယ်အား လွန်ခဲ့သည့် နှစ်လခန့် ကတည်းက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိခဲ့ရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"မိဘမဲ့နေရာတို့ အခုလို ဘုန်းကြီးကျောင်းတို့မှ သောက်စားတတ်တဲ့ သူတွေကို မထားဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ကျွန်တော်တို့လည်း ကြားနေပါတယ်၊ ကလေးတွေကို ခြိမ်းခြောက်တာတွေ လုပ်တယ်လို့လည်း ကြားရတယ်၊ တစ်ခါတလေ ကားမောင်းရင်လည်း မူးနေတယ်လို့ သိရတယ်၊ အခု ကိစ္စကို ကြားလိုက်ရတော့ ကလေးမလေးအတွက် တကယ်ကို စိတ်မကောင်းပါဘူး၊ ဒီလိုဖြစ်စဉ်မျိုးတွေ ဘယ်နေရာမှာမှ မဖြစ်ဖို့ အားလုံးအပေါ်မှာ တာဝန်ရှိပါတယ်"ဟု မြို့မိမြို့တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဌေးဝင်း(ခ)ဌေးဝင်းဦးအား တာချီလိတ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ(၄) ရက်နေ့က (ပ) ၂၀၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်းက အမှုစစ်အဖြစ် ဆောင်ရွက်ကာ စစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။

Credit - Tachileik News Agency

Ko Pho Toke

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။