ကလေးစာပေပွဲတော်ကို တက်ရောက်လာတဲ့ သမ္မတကြီးဟာ ကလေးငယ်လေးတွေကို ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ရဲ့  ကဗျာများ၊ စာများ၊ ပုံပြင်များအကြောင်း ပြောပြနေရင်း အသံများဆို့နင့်လာပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ စက္ကန့်၃ဝလောက် ငိုကြွေးခဲ့ပါတယ်။

အပြည့်အစုံသို့..

ဆရာကြီးမင်းသုဝဏ်ဟာ အသက် ၉၆ နှစ်အရွယ်မှာ သူကွယ်လွန်ချိန်အထိ ကလေးကဗျာနဲ့ ကလေးပုံပြင် ၄၀၀ ကျော်နဲ့ ငှက်တွေအကြောင်း ရေးသားသွားတယ်လို့ ပြောပြနေရင်း “သားတို့ သမီးတို့ကို သိစေချင်တာက ကလေးစာပေကို တစ်ချိန်တုန်းက… မရှိတော့ပေမယ့် …” ဆိုတဲ့ နေရာအရောက်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြောလက်စ စကားမှာ ဆို့နင့်သံတွေပါလာပြီး ရပ်တန့်သွားတာပါ။

အဲဒီနောက်မှာတော့ “သားတို့သမီးတို့ကို ဘယ်လောက်ချစ်တယ်၊ သားတို့သမီးတို့ကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို သိစေချင်လို့ပါပဲ။ ဒါပဲ သားတို့သမီးတို့နော်။ ကျေးဇူးတင်ပါတယ်” လို့ ပြောရင်း သမ္မတဟာ သူ့ရဲ့  ခြောက်မိနစ်ကျော်ကြာ အမှာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

သမ္မတက ကလေးစာပေတွေကတစ်ဆင့် ရိုးသားမှုတွေ၊ အားမန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ မွေးဖွားပေးခဲ့တာဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေကို ကလေးစာပေတွေ၊ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစု ပျိုးထောင်ပေးပါလို့လည်း အကြံပြု တိုက်တွန်းသွားခဲ့ပါသေးတယ်။

“ကိုယ့်အတွက်ထက် အများအကျိုးကို စဉ်းစားတတ်တဲ့ စိတ်ကလေးတွေ ဖြစ်လာအောင် အဲဒီလို စာပေလေးတွေကို လေ့လာစေချင်တယ်”လို့ ဦးထင်ကျော်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Source : frontiermyanmar.net

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။