ပတ်ထရစ်ရှာ ခေါ် စူးရှနိုင်ဟာ ယခုဆိုရင် လူသိတော်တော်များပြီး ပရိသတ်တွေရဲ့ အချစ်ကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်....

ပတ်ထရစ်ရှာဟာ သူမပုံတွေ မတင်မီက ပရိသတ်တွေကို သူမပုံတွေ ကြည့်ချင်လားဆိုပြီး အရင်မေးခဲ့ပါတယ်။ ထို့နောက် သူမငယ်ငယ်တုန်းက ပုံတွေကို တင်ခဲ့ပါတယ်။ ပုံတွေထဲမှာတော့ သူမဟာ ငယ်ငယ်လေးကတည်း က ချစ်ဖို့ကောင်းတာကိုတွေ့ရပြီး သူမကတော့ သူမကိုယ်သူမ twitty ငှက်ကလေးနှင့် တူတယ် နှုတ်ခမ်း ချွန်ချွန် နဲ့ ဆိုပြီး စနောက်ကာပြောခဲ့ပါတယ်။

ပတ်ထရစ်ရှာ ရဲ့ ငယ်ဘဝ ဓာတ်ပုံတွေထဲမှာ သူမဖြတ်သန်းလာတဲ့ ဘဝကိုလဲတွေ့နိုင်ပါတယ်။ ငယ်ငယ်ကတည်း က ချမ်းသားတဲ့ မိသားစုမှာ မွေးဖွားခဲ့ပြီး ထိုအချိန်ထဲက ဟန်းဖုန်းကိုင်နိုင်တဲ့ အမျိုးပါ။ သူမဟာ အနုပညာ လမ်းကြောင်းကိုလျှောက်ဖို့ ဟိုးပိစိထဲက အနုပညာရှင်တွေဖြစ်တဲ့ ဒွေး၊ အိန္ဒြာကျော်ဇင်၊ ဝေဠုကျော်၊ မျိုးမျိုးခိုင်တို့နှင့်ဓာတ်ပုံရိုက်ခဲ့တာကိုလည်းတွေ့ရပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။