ဘင်္ဂလီအမျိုးသမီး ၃၀ ကို မြန်မာ့တပ်မတော်က မုဒိမ်းကျင့်သည်ဟု သတင်းရေးသားသည့် Myanmar Times မှ နိုင်ငံခြားအမျိုးသမီးသတင်းထောက် အလုပ်မှ ထုတ်ပယ်ခံရ

မြန်မာ တပ်မတော်မှ မောင်တောမြို့နယ် စစ်ဆင်ရေးအတွင်း ဘင်္ဂလီအမျိုးသမီး ၃၀ ကို မုဒိမ်းကျင့်သည်ဟု ဆိုကာ ရခိုင်ပရိုဂျက် ( Arakan Project) အမည်ခံ ဘင်္ဂလီ အရေး လူပ်ရှားနေသူ ခရစ်လီးဝါ ( Chris Lewa) ကို ကိုးကားပြီး သတင်းရေးသားသူ ရန်ကုန်အခြေစိုက် Myanmar times မှ နိုင်ငံခြားသူ သတင်းထောက် Fiona MacGregor သည် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

The Guardian သတင်းစာတွင် “Myanmar journalist says she was fired over story on military rape allegations” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ဒါဇင်နှင့်ချီပြီး အတင်းဓမ္မပြုကျင့်ခံရသည့် သတင်း ရခိုင်တွင် ဖြစ်ပေါ် “Dozens of rapes reported in northern Rakhine state” သတင်းကြောင့် သူမအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။

သူမအလုပ်ဖြုတ်ခံရခြင်းမှာ အာဏာပိုင်များမှ Myanmar Times မှ လူကြီးများအား ဖိအားပေးရာမှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်းဖြင့်လည်း သတင်းဖော်ပြသည်။

Credit - Gurdian , Naringara

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။