"ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်ကောင်အမုန်း(ဝတ်မှုန်ရွှေရည်)ရဲ့ဘဝကို နင်းခြေခဲ့သူ၊ မိုးစက်(သက်မွန်မြင့်)၏ အဖေနေရာတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ ဦးဇင်ဝိုင်းမှ ၂၀၁၆ခုနှစ်အကယ်ဒမီပေးပွဲတွင် အမျိုးသားဇာတ်ပို့ဆုအတွက် တစ်ကြိုပေးခြင်းခံထားရကြောင်း သိရသည်။

" ချစ်လှစွာသောအမုန်း " ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇင်ဝိုင်းမှ ဦးတိုးမင်း၏ ဇာတ်ကောင်နေရာအား

" ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးဖိုဖြစ်ခဲ့ရသော်လည်း ငွေကြေးချမ်းသာကြွယ်ဝတာကြောင့် လုပ်ချင်ရာကိုထင်တိုင်းကြဲကာ

သမီးဖြစ်သူကို လျစ်လျူရှုခဲ့ပါတယ်။အလုပ်ကိစ္စတစ်ခုဖြင့် နယ်သွားရာမှ မိန်းကလေးတစ်ဦးနှင့် မှားမိကာ

မိန်းကလေးရှင်များက တာဝန်မယူရင် သတ်ပစ်မည် ဆိုသောကြောင့် မတတ်သာသည့်အဆုံး နေအိမ်သို့ခေါ်လာရပါတယ်။ထိုအခါ သမီးဖြစ်သူရဲ့ ငြူစူမှုကိုခံရသည့်အပြင် ထိုကောင်မလေးအပေါ်လည်း ချစ်မြတ်နိုးမှုကနည်းပါးလာပါတော့တယ်။အခြားကောင်မလေးများနဲ့ အပြင်မှာဇာတ်လမ်းတွေရှိလာတဲ့အခါ အနုံအအကောင်မလေးကို အစဖျောက်ဖို့ကြံပါတော့တယ်။ ရက်စက်တဲ့ဦးတိုးမင်းဟာ အမုန်းကို တိုက်ခန်းတစ်ခုမှာခေတ္တနေစေပြီး နယ်ပြန်ဖို့အမိန့်ပေးခဲ့ပါတယ်။

မထင်မှတ်ပဲ ဦးတိုးမင်းဟာ ကားအက်စီးဒင့်ဖြစ်ကာ ခြေတစ်ဖက်ဖြတ်ရချိန်မှာတော့ သူ့အနားမှာရှိသူတွေက ငွေကြောင့်ဆိုတာသိလာရတဲ့အခါ အမုန်းအပေါ်အားနာစိတ်ဖြင့် နောင်တကြီးစွာရပါတော့တယ်။ထို့ကြောင့် သမီးဖြစ်သူအား အမုန်းကို အိမ်သို့ခေါ်စေပြီး သူ့အမှားတို့အတွက် ဝန်ချတောင်းပန်ပါတော့တယ်။ " စသဖြင့် ဦးတိုးမင်းဇာတ်ကောင်နေရာမှ ပီပြင်စွာသရုပ်ဆောင်ခဲ့သည်။

ဇာတ်၏အစတွင် ပိုက်ဆံရှိခြေရှုပ်တတ်သော လူချမ်းသာအဖြစ်သရုပ်ဆောင်ရာတွင် ခနဲ့တဲ့တဲ့ရယ်ဟန်တို့ဟာ ကောင်းမွန်သည်သာမက အမုန်းကို အစဖျောက်သည့်အခန်းတွင်

စီးကရက်ကိုလက်မှာညှပ် ရက်ရက်စက်စက်ပြောပုံ၊

နောင်တကြီးစွာရ၍တောင်းပန်ရာတွင်လည်း ဦးဇင်ဝိုင်း၏ သရုပ်ဆောင်စွမ်းပကားပြောင်မြောက်လှသည်ကိုတွေ့ရပါတယ်။

ဒါကြောင့် အမျိုးသားဇာတ်ပို့ဆုအတွက် သရုပ်ဆောင်ဇင်ဝိုင်းမှာ စာရင်းတင်သွင်းခြင်းခံထားရပြီး တစ်ကြိုပြေးနေသည်ကို တွေ့ရမှာဖြစ်ပါတယ်။

Source : myanmarfilmacademy

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။