M seng lu (အမ်ဆိုင်းလူ) ဆေးရုံတက်နေတာကို M seng lu အမြန်နေကောင်းပါစေ ဆိုပြီး တစ်စုံတစ်ယောက်က ရိုမန်တစ်ဆန်ဆန် ပူဖောင်းလေးတွေပို့

မော်ဒယ် M seng lu(အမ်ဆိုင်းလူ)ပာာ

ဓါတ်ပုံရိုက်ကူးမှု ပြုလုပ်ရာ ကနေ ဖန်ပုံးကွဲသွားတာကြောင့် ဖန်ပုံးမှ ဖန်ပုလင်းစ များ စူး၍ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူမ ရဲ့ ခြေထောက်မှ အကြောတွေ ပြတ်ရှ၍ဒဏ်ရာ ရခဲ့ပါတယ်။ဖန်ပုံးထဲကို ဝင်ပြီး ရိုက်ကူးမှုပြုလုပ်ရာမှ ဖန်ပုံးထဲကို ရေထည့်ရာကနေ ဖြစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။၂၆-၁၀-၂၀၁၆ က ဖြစ်ခဲ့တာဖြစ်ပြီးပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်းသိရပါတယ်။အခုအချိန်မှာတော့အများကြီးသက်သာနေပါပြီလို့သိရပါတယ်။သူမ ဆေးရုံတက်နေရချိန် မှာသူမ ကို M seng lu အမြန်နေပြန်ကောင်းပါစေ လို့ ရေးထားတဲ့ပူဖောင်းလေးတွေ လက်ခံရရှိတာကို သူမက သူမရဲ့လူမှုကွန်ယက်မှာ အသည်းပုံလေးနဲ့အတူ တင်ထားတာကိုတွေ့ရပါတယ်။ပူဖောင်းပို့တဲ့သူ ဘယ်သူဖြစ်မလဲစဉ်းစားစရာနော်။ဘာပဲဖြစ်ဖြစ် ပူဖောင်းလေးတွေပို့တဲ့သူလ်ိုပဲ ဆုတောင်းပေးလိုက်ပါတယ်နော် M seng lu get well soon (အမြန်နေပြန်ကောင်းပါစေ) ။ ပရိသတ်တွေ လည်းဆုတောင်းပေးသွားနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။