fb လူထုအော်သံမှအကျိုးဆက် တွေပါထောင်မချ တော့ဘူးတဲ့

"ကြီးကျယ်မြင့်မြတ်တဲ့ လူမျိုးတစ်မျိုးဟာ စားစရာမရှိလို့

လမ်းဘေးမှာ ဓာတ်ဆီရောင်းစားတဲ့ ကိုယ်ဝန်ဆောင်

မိခင်လောင်းတစ်ဦးကို ထောင် ၆ လ မချဘူး"

လမ်းဘေးမှာ ဆီရောင်းခဲ့လို့အမှုဖြစ်ပြီး မင်းဘူးတရား

ရုံးက ၂၃.၁၀.၂၀၁၆ ရက်နေ့ကဒဏ်ငွေ (၅၀၀၀) ကျပ်

နှင့် ထောင်(၆) လ ချမှတ်ခံရပြီး သရက်ထောင်တွင်

ထောင်ကျခံနေရသူ မသွယ်သွယ်မိုးသည် ထောင်ကျ

ခံရစဉ်ကတည်းကကိုယ်ဝန်အရင့်မှာပါလာကြောင်းသိ

ရသည်။

မသွယ်သွယ်မိုးသည် ၃၁.၁၀.၂၀၁၆ ရက်နေ့ နေ့လည်

၂ နာရီခန့်က သရက်ခရ်ုိင်ပြည်သူ့ဆေးရုံကြီးတွင် သား

ယောကျ်ားလေး တစ်ဦး အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့

ပြီး ယင်းကလေးမှာ ဒုတိယမြောက် သားဖြစ်ကြောင်း

သိရသည်။

ဆေးရုံတက်မွေးခဲ့စဉ် ခြေ /လက်ထိတ်များသံကြိုးခတ်

သည့် စာနှင့် ဓာတ်ပုံသတင်းများ FB ပေါ်တွင်ပျံ့နှံ့ခဲ့

သည်။

FB တွင် မြင်တွေ့ရသည့် သတင်းကြောင့် သရက်မြို့

နယ် ရဲတပ်ဖွဲ့မှူ းရုံးသို့ သွားရောက်သွားပြီး မြို့နယ်ရဲ

တပ်ဖွဲ့မှူး ရဲမှူးအုန်းဟန်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရဲ

လုပ်ငန်းအရ ထောင်ကျတရားခံကို ချုပ်နှောင်ခြင်းဖြစ်

ကြောင်းသိရသည်။

ခွဲစိတ်မွေးလူနာဖြစ်၍ ယခုခြေ/လက်ထိတ်များက်ိုဖြုတ်

ပေးပြီးဖြစ်ကြောင်းသိရသည် သရက်ခရိုင်ပြည်သူ့ဆေး

ရုံကြီးသို့သွားရောက်ခဲ့ရာတာဝန်ကျရဲမေတစ်ဦးရဲဘော်

သုံးဦးတွေ့ခဲ့ရပြီးမွေးလူနာမှ ကလေးအား နို့တ်ိုက်နေပြီး

ခြေ/လက်ထိတ်များခတ်ခြင်းမရှိတော့ကြောင်းဓါတ်ပုံ

အတိုင်းတွေ့မြင်ခဲ့ရသည်။

မွေးလူနာမသွယ်သွယ်မိုးကို ဘာများပြောချင်ပါလဲမေး

မြန်းရာ ခွဲစိတ်မွေးဖွားသည့် ဒုတ်ိယသား ဖြစ်ကြောင်း

ခြေ/လက်ထိတ် သံကြိုးများခတ်ထားစဉ်ကစိတ်ညစ်

ခဲ့ရကြောင်း ယခု ခြေ/လက်ထိတ်များကို ဖြုတ်ပေးခဲ့

သည့်အတွက် စိတ်ညစ်မှုမရှိတော့ကြောင်း ပြောပြ

သည်။

နိုဝင်ဘာ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ခရိုင်ဆေးရုံသို့

သွားရောက်သတင်းရယူခဲ့သည့် လက်ရှိမြင်တွေ့ခဲ့ရ

သည့်သတင်းဖြစ်ပါသည်။

Credit - ပေါက်ကလေး (သရက်)

သတင်းထောက်

Via ကျော်မင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။