တာချီလိတ်၌ တရုတ်နိုင်ငံသား နှစ်ဦးထံမှ လိပ်ကြက်တူရွေး ၈၅၀ ကျော် ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် အားခေရွာရှိ အိမ်တစ်အိမ်တွင် အနံ့အသက်ဆိုးများ ထွက်နေကြောင်း သတင်းပေး တိုင်ကြားချက်အရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသားနှစ်ဦး မွေးမြူထား သည့် လိပ်ကြက်တူရွေး(၈၅၃)ကောင်အား ဖမ်းဆီးရမိကြောင်း သိရသည်။

သတင်းအရ အားခေးရွာမှနေအိမ်သို့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်အချိန် က တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ FRC No.1 –YGN-41660 ကိုင်ဆောင်သူ Mr.D Guoqiang ( Passport No. E -42523300)(၂၆ /၂၀၁၆) နှင့်FRCNo.1-YGN-41660 ကိုင်ဆောင်သူMrs.Lipeixin (PassportNo.E 72273391)တို့ နှစ်ဦးအား တရားမဝင် မွေးမြူထားသည့် လိပ်ကြက်တူရွေးများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသော လိပ်ကြက်တူရွေးများအား တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနရုံးတွင်ထိန်းသိမ်း စောင့်ရှောက်ထားပြီး ဘေးမြဲ့ပန်လည်လွှတ်ပေးသာွ းရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ တောရိုင်းတိရစ္ဆာန်များအား တရားမဝင် မွေးမြူထားသည့် တရုတ်နိုင်ငံသားနှစ်ဦးအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။