Ballon d'Or (တစ်နှစ်တာတာအကောင်းဆုံးဘောလုံးသမား) ဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်

၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည် ချီးမြှင့်မည့် Balloon d'Or ဆုအတွက် ဆန်ခါတင်စာရင်းကို ပြင်သင်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇငး်သည် Ballon d Or ဆုကို ၁၉၅၆ မှ ၂၀၀၉ ခုနှစ်အထိ သီးသန့်ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိကို ကမ႓ာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင်ပူးပေါင်း၍ FIFA Ballon d'Or ဆုအဖြစ်ပြောင်းလဲ ချီးမြှင့်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်စက်တင်ဘာက ၄င်းတို့အကြား သဘောတူညီမှုအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုနှစ်မှစ၍ သီးခြားစီ ပြန်လည်ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

ပြင်သစ်ဘောလုံးဆန်ခါတင်စာတင် ၃၀ ဦးစာရင်း ထုတ်ပြန်ခဲ့သည့်အနက် ၁၀ ဦးစာရင်းကိုသာ သိရသေးသည်။ အစောပိုင်းထုတ်ပြန်ခဲ့သည့် ဆန်ခါတင်စာရင်းတွင် စီရော်နယ်လ်ဒို ဂါရတ်ဘေးလ် အဂွဲရိုး ဘူဖွန် အူဘာမီယန်း ဂိုဒင် ဒီဘရိုင်း ဒီဘားလား ဂရစ်ဇ်မန်း ဟွီဂွါအင်တို့ ပါဝင်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်စီ နေမာ ဆွာရက်ဇ် တို့ထပ်မံပါဝင်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ စီရော်နယ်လ်ဒိုသည် ရီးရဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလားရရှိထားသလို ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားသဖြင့် အကောင်းဆုရရှိရန် ရေပန်းစားလျက်ရှိသည်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။