နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးစွန့်ကာ ဆောက်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာတစ်နိုင်ငံလုံးက ရိုသေလေးစားကြပါတယ်။ သူမဆွဲထားတဲ့ ပန်ချီကားကို ပရဟိတအတွက် လေလံတင်တဲ့အခါမှာတော့.....

ထိုပန်ချီကားဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၉ ခုနှစ် မှာ မိမိနေအိမ်ပိုင်နက်အတွင်းသို့ ကျုးလွန်လာသူကြောင့်အိမ်ရှင်ကို ထောင်ချခဲ့တဲ့ အာဏာရှင် အစိုးရရဲ့ ကမ႓ာကျော်ဟာသဖြစ်ရပ်အပြီး၊ ထောင်က ပြန်ထွက်လာတဲ့အခါမှာ မိမိအိမ်က ရေစပ်မှာပါ ရဲကင်းတွေချ သံဇကာတွေ ခတ်ပြီး အကျယ်ချုပ်ချခံရတဲ့ မြင်ကွင်းကိုရေးဆွဲထားခဲ့တဲ့ ပန်ချီကားတစ်ချပ်ဖြစ်ပါတယ်။ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ ပန်ချီကားလေးဖြစ်သလို တွေရင် တွေသလို ခံစားရင် ခံစားသလို အဓိပ္ပာယ်များစွာ ကိန်းအောင်းနေတဲ့ ပန်ချီကားလည်းဖြစ်ပေတယ်။

ထိုပန်းချီကားကိုရေဆေးနှင့်ဆွဲထားပြီး အရောင်နုတွေကို အဓိကသုံးထားပါတယ်။ ပန်ချီကား ဆိုဒ်ကတော့ ၂၄ စင်တီမီတာ x ၁၆ စင်တီမီတာ ရှိပါတယ်။တကယ့်လေလံပွဲကို Sedona မှာ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စိတ်ဝင်စားသူများ လတ်မှတ် ဝယ်ကာ တက်ရောက်နိုင်ကြောင်းလည်းပြောထားပါတယ်။

သို့သော်လည်း စိတ်ဝင်စားတဲ့သူတွေကတော့ ယခုအချိန်က စပြီး လေလံဆွဲနေကြပါပြီ။ ကြမ်းခင်းစျေးကို ဒေါ်လာ ငါးထောင် သိန်းငါးဆယ်နှင့် စတင်ခဲ့ပြီး ယခုဆိုရင် နိုဝင်ဘာလ ၂ ရက်နေ့အထိ ဒေါ်လာ တစ်သိန်းငါးသောင်းအှာ ရပ်တန့်နေပါတယ်။ ထိုပန်ချီကားကရရှိတဲ့ အကျိုးအမြတ်ကိုတော့ နိုင်ငံ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ဖွဲ့စည်းထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်မှာဖြစ်ပါတယ်။

အနိုင်ရရှိသူကိုလည်း ဘဘဦးတင်ဦးက ကိုယ်တိုင် ပေးအပ်သွားမယ်လို့လဲသိရပါတယ်။ ထိုပွဲကိုတော့ နိုင်ငံတကာ က လေလံသမားတွေပါ ဝင်ရောက်ကာ လေလံဆွဲတဲ့ အထိ မျှော်မှန်းထားကြပါတယ်။ ယခုအချိန်မှာသာ ဒီစျေးနှင့် ရရှိနေသော်လည်း နောင်တစ်ချိန်ကျရင် နောက်ဆုံးလေလံနိုင်သွားတဲ့ တန်ဖိုးထပ် အစပေါင်းများစွာ တိုးပွားသွားမှာပါ။

နိုဘယ်ဆုရှင်လည်း ဖြစ်တဲ့အပြင် နိုင်ငံကို ဦးဆောင်နေတဲ့ သူအဖြစ်လည်း တာဝန်တွေများစွာ ထမ်းရွတ်နေရတဲ့ အောင်ဆန်းစုကြည်ရဲ့ ပန်ချီကားဟာ သူမကို ချစ်မြတ်နိုးတဲ့သူများအဖို့တကယ့်ကို တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ ပန်ချီကားပါ။ ထိုကြောင့်လည်း လေလံစျေးကို ဒီထက်ပိုပြီးတိုးမြင့်စေချင်သောစိတ်နှင့်......

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။