Sanne Sevig ဟာ ဆွီဒင်နိုင်ငံသူတစ်ဦးဖြစ်ပြီး အသက် ၂၅နှစ်အရွယ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုနဲ့ တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်နေရင်း အောင်မြင်ပြီး အမှီအခိုကင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဒါကေမယ့် သူမဟာ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ပြီး ဘဝအသစ်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူမရဲ့ ပြောကြားချက်အရတော့ ဆွီဒင်နိုင်ငံမှာ နေထိုင်မှု လူမှုဘဝပုံစံဟာ စိတ်ဖိစီးမှု များရတယ်လို့ ဆိုပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့အချိန်မှာ သူမဟာ သူမရဲ့ဘဝပျော်ရွှင်စရာမကောင်းတော့တာကို သတိပြုမိလာပြီး တစ်နေ့တစ်နေ့ စိတ်ဖိစီးပြီး ပင်ပန်းနေရတာကို သတိထားမိလာပါတယ်။ 

ညဘက်ဆိုရင်လဲ အိပ်မပျော်နိုင်တဲ့ သူမဟာ တစ်နေ့မှာတော့ ကားမောင်းနေရင် သတိမေ့သလိုဖြစ်သွားပြီး ကားဟာ မောင်းသူမဲ့ဆက်လက်မောင်းနှင်ခဲ့သလို ဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ဘဲ သူမဟာ ဘာဒဏ်ရာမှ မရရှိခဲ့ပါဘူး။ အဲနောက်ပိုင်း သူမဟာ နှစ်မိနစ်လောက် ကိုယ့်ကိုကိုယ်အချိန်ပေးပြီး စဉ်းစားပြီးတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချခဲ့ပါတယ်။

နောက်တစ်ရက်မှာပဲ သူမဟာ အလုပ်ကနေထွက်ပြီး နိုင်ငံကနေ ဝေးရာကိုထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမနဲ့ အရင်က ခရီးအတူထွက်ဖူးတဲ့ မိန်းကလေးတစ်ယောက်ဟာ လက်ရှိနေထိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို သူမနဲအတူ နေစရိတ်အခမဲ့ လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်လေးပတ်အကြာမှာတော့ Sanne ဟာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို မြတ်မြတ်နိုးနိုးချစ်မိသွားတဲ့သူမဟာ သူမပိုင်ဆိုင်သမျှ အကုန်ရောင်းချပြီး Siargaoဆိုတဲ့ ကျွန်းလေးပေါ် ကမ္ဘာလှည့်ခရီးသွားတွေအတွကိ တည်းခိုခန်းတစ်ခု ဖွင့်လှစ်ထားပြီး နေ့ရက်တိုင်းကို အပူအပင်မရှိ ကျွန်းပေါ်မှာပဲ ရိုးသားတဲ့လူနေမှုဘဝပုံစံနဲ့ ကုန်ဆုံးပါတော့တယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။