"ဂေးတွေကို ဘိုးဘွားရိပ်သာလိုမျိုးပေါ့။ ဂေးတွေ အသက်ကြီးလို့ရှိရင် အရမ်းဒုက္ခရောက်တယ်။ ပိုက်ဆံရှိရင်ရှိ၊မရှိရင် မိဘမောင်နှမတွေက ပစ်ထားကြတာမျိုးတွေရှိတယ်။ အဲ့လို ဒုက္ခရောက်တဲ့ဂေးတွေ အများကြီးရှိတယ်။" လို့ပြောခဲ့တဲ့ မထက်က မိန်းမအဖြစ် တရားဝင်လိင်ခွဲစိတ်ပြုပြင်အပြီးမှာ သူမရဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာတွေနဲ့ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ LGBT တွေအပေါ်မြင်နဲ့အမြင်နဲ့ ပတ်သတ်ပြီး မထက်က " အရင်ကထက်တော့ အမြင်လေးလည်း ပိုကျယ်လာတယ်။ နောင်နှစ်ပေါင်းများစွာကြာရင်တော့ ပိုအမြင်ကျယ်သွားမယ်လို့ ထင်ပါတယ်။နိုင်ငံတိုးတက်လာတဲ့အလျောက် အသိဉာဏ်တွေ ပွင့်လင်းလာမယ်။ အခုကတော့ နည်းနည်းခက်ခဲသေးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကလေးဘဝထက်စာရင် အများကြီးပြောင်းလဲလာတယ်။ အနေအထိုင် သက်သောင့်သက်သာရှိလာတယ်။ အဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခြေခံကတော့ ပညာရေးလို့ပဲထင်တယ်။ ပညာရေးအဆင့်မြင့်မားလာတဲ့ အလျောက် အသိဉာဏ်ပွင့်လင်းလာမယ်။ အသိဉာဏ်ပွင့်လင်း လာတဲ့အလျောက် ဒါတွေကို လူတွေ ပိုပြီး လက်ခံလာမယ်လို့ ထင်တယ်။ LGBT အသိုင်းအဝိုင်း အနေနဲ့လည်း ပိုပြီး ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ လျောက်လှမ်းမယ် ဆိုရင် လူတွေက ပိုပြီးတော့ လက်ခံလာမယ်လို့ ထင်ပါတယ်။ " လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မထက်မှ " တစ်ဆိတ်ရှိ ဂေးဆိုတာ လှောင်စရာ ရှုံ့ချစရာ ရွံစရာ ပစ္စည်းတစ်ခုအနေနဲ့ အမြဲတမ်း ဗီဒီယိုဖြစ်ဖြစ် ဘယ်လို နေရာမှာ ဖြစ်ဖြစ် စာအုပ်တွေမှာလဲ ရေးသားကြတာရှိတယ်။ အများစုက ဒါမျိုးဖြစ်နေကြတာကြောင့်လဲ ပါမယ်။ ရိုက်တဲ့သူကိုလည်း အပြစ်ပြောလို့မရဘူး။ ဒါပေမယ့် ဒါလေးကို လျော့စေချင်တယ်။ ဂေးတွေကို ကောင်းမွန်တဲ့ဘက်က ရိုက်ပြရင် အတုယူပြီး လိုက်နေကြမယ့် ဂေးတွေလည်း ဖြစ်လာကောင်းဖြစ်လာမယ်။ မထက်အနေနဲ့ကတော့ အခုလို ရိုက်ကူးနေတာတွေကို လျော့စေချင်ပါတယ်။ မေတ္တာလဲရပ်ခံပါတယ်။ ကိုယ်တိုင်လည်း မနှစ်မြို့ပါဘူး။ " လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ လိင်ပြောင်းထားသူတွေ၊ လိင်တူစိတ်ဝင်စားသူတွေနဲ့ ပတ်သတ်ပြီး လုပ်ပေးချင်တဲ့ အရာတစ်ခုရှိလားဆိုတဲ့ မေးခွန်းအပေါ် မထက်မှ

" မထက်တို့ ဂေး တွေက အရမ်းကို ဒုက္ခရောက်ပါတယ်။ အလုပ်ကိစ္စမှာပဲဖြစ်ဖြစ် ခက်ခဲပါတယ်။ ငယ်ငယ်က မထက်တို့ သိတာဆို မိန်းမလျာ နတ်ကတော် ရှောက်သီးဆေးပြားရောင်းတဲ့သူ၊ အခုက မိန်းမလျာ ဖြစ်တာနဲ့ မိတ်ကပ်လိမ်း၊အကျႌချုပ်တာမျိုးတွေလုပ်ကြမလား။ အဲ့တာမျိုးတွေ ဖြစ်သွားကျတယ်။ နိုင်ငံတကာမှာဆို အရောင်းစာရေးလည်း လုပ်ခွင့်ရှိတယ်။ အင်ဂျင်နီယာလည်း လုပ်ခွင့်ရှိတယ်။ ဆရာဝန်လဲ ဖြစ်ခွင့်ရှိတယ်။ ဒါမျိုးတွေ ဖြစ်သင့်ပါတယ်လို့ထင်တယ်။ လုံးဝလက်ခံပေးသင့်တယ်။ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင် အတွေးအခေါ် မြင့်မာပြီး အဆင့်အတန်းဝင်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူမျိုးတွေကို နေရာတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။ အဲ့တာဆို ပိုပြီး အနေချောင်လာပြီး သက်သောင့်သက်သာ ဖြစ်လာမယ်။ ပြီးတော့ ဂေးတွေကို ဘိုးဘွားရိပ်သာ လိုမျိုးပေါ့ ဂေး တွေ အသက်ကြီးလို့ရှိရင် အရမ်းဒုက္ခရောက်တယ်။ ပိုက်ဆံရှိရင်ရှိ မရှိရင် မိဘ မောင်နှမတွေက ပစ်ထားကြတာမျိုးတွေရှိတယ်။ အဲ့လို ဒုက္ခရောက်တဲ့ ဂေး တွေ အများကြီးရှိတယ်။ သူတို့ဘဝတွေကို မှီခိုရာ ဖြစ်တဲ့ ဘိုးဘွားရိပ်သာလိုမျိုး တစ်ခု ဖန်တီးချင်တယ်။ လုပ်နိုင်အောင်တော့ ကြိုးစားအုံးမယ်။ " လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မထက်မှ " မထက် သူငယ်ချင်းတွေကို အမြဲပြောတယ် ငါတို့အသက်ကြီးရင် ရပ်ကွက်တခုတည်ပြီး နေကြရအောင်။ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ခံစားချက်ကို နားလည်သူအချင်းချင်းပဲ မနှိမ်ကြတာလေ။ အဲ့ဒီအတွက် မထက် ခေါင်းထဲမှာ အမြဲရှိတယ် ပိုက်ဆံရှာနိုင်ပြီ ထူတောင်နိုင်တဲ့ အခါကျရင် ဂေးတွေနေထိုင်တဲ့ ဘိုးဘွားရိပ်သာတစ်ခု ဖန်တီးမယ်။" လို့ သူမရဲ့ခံစားချက်ကို ဝေမျှခဲ့ပါတယ်။

Source : Mizzima

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။