စိုင်းစိုင်းနဲ့ ဝတ်မှုံဟာ တစ်ချိန်တစ်ခါတုန်းက နာမည်ကြီးခဲ့တဲ့ အနုပညာရှင်စုံတွဲဖြစ်ခဲ့ပြီး နှစ်ယောက်စလုံးဟာ အောင်မြင်ကျော်ကြားမှု အရှိန်အဟုန်ကောင်းခဲ့တဲ့အချိန်မှာ ခဏတာသာတွဲခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမယ့် စိုင်းစိုင်းကတော့ သံယောဇဉ်ပြတ်သေးပုံ မရပါဘူး။ 

မကြာသေးခင်က စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်တွဲဖက်သရုပ်ဆောင်ထားတဲ့ " ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် " ဇာတ်ကားကို အင်းလေးမှာ စတင်ရိုက်ကူးခဲ့ပြီး ဇာတ်ကားနဲ့ပတ်သတ်ပြီး ဝတ်မှုံကိုအင်တာဗျူးတဲ့အခါမှာ မင်းသားကြောင့်မဟုတ်ဘူးလို့ ဖြေဆိုခဲ့ခြင်းများရှိခဲ့ပါတယ်။

ဒါ့အပြင် စိုင်းစိုင်းကနေ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်အကောင့်မှာ ရင်တွင်းခံစားချက်လားပုံစံရ စာသားအချို့ကို တင်ခဲ့ပြီး အရင်ကတင်ခဲ့တဲ့ စာသားအချို့ကိုပါ ပြန်လည်Shareလုပ်ခဲ့ပါတယ်။ 

စိုင်းစိုင်းရဲ့ပရိသတ်တွေကတော့ Postအောက်မှာ Comment အမျိုးမျိုးပေးခဲ့ကြပြီး အထူးသဖြင့် ဝတ်မှုံနဲ့ပတ်သတ်ပြီး ပြောခဲ့ကြပါတယ်။ ဒါ့အပြင် စိုင်းစိုင်းဟာ ယခုနောက်ဆုံးရုံတင်ထားတဲ့ ဘန်ကောက်မှမန္တလေးသို့ ဇာတ်ကားမှာ အတူသရုပ်ဆောင်ထားတဲ့ ထိုင်းမင်းသမီးနဲ့ ရင်းရင်းနှီးနှီးရှိနေတာကို တွေ့ရပြီး ဝတ်မှုံကတော့ လူပျိုကြီး ကိုနေတိုးနဲ့ ပရိသတ်တွေ အတင်းသဘောတူတာခံနေရပါတယ်။

ဝတ်မှုံကို ဘယ်သူနဲ့ ပိုသဘောတူလဲ။ စိုင်းစိုင်းလား၊ နေတိုးလား?

Photo Source : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။