အမျိုးသားဇာတ်ပို့ဆိုအတွက် ဟော့ ဖြစ်နေတဲ့ နေမင်း နဲ့ ထွန်းထွန်း

အနုပညာလောကရဲ့ နောက်တက်မင်းသားတွေထဲမှာ သူ့ရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှု အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တွေကြောင့် ပရိသတ်လက်ခံအားပေးမှုကို ရလာသူကတော့ နေမင်း ပဲဖြစ်ပါတယ်။ နေမင်းကတော့ ဗီဒီယို

ဇာတ်ကားများစွာရိုက်ကူးထားသည့်အပြင် လတ်တလောမှာတော့ သရုပ်ဆောင်အေးမြတ်သူနှင်အတူ "မအေးပွင့် မြင့်မြင့်ဆန်း လမ်းသုံးဆယ်" ဆိုတဲ့ ရုံကြီးကားကြီးမှာ ပါဝင်ထားပြီး ရုံတင်ပြသခဲ့ရာ ပရိသတ်အားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာလောကရဲ့ ရင်ခုန်ဖွယ်ရာ အကယ်ဒမီအချိန်အခါလည်း နီးလာပြီဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ဘယ်သူကတော့ ဘယ်ဇာတ်ကားနဲ့ ဘာဆု စသဖြင့် တစ်ကြိုပေး ခန့်မှန်းသံတွေ ထွက်ပေါ်လို့လာပါတယ်။ အမျိုးသား ဇာတ်ပို့ဆုအတွက် အကယ်ဒမီတစ်ကြိုပေးခြင်းခံရတဲ့ မင်းသားတွေထဲမှာ နေမင်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ နေမင်းကို "လူးရတနာသိုက်" ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု ရရှိနိုင်တယ်ဆိုပြီး အကယ်ဒမီတစ်ကြို ပေးထားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ နေမင်းဟာ တောတွင်းသားလေး ဂျိုဝါ အနေနဲ့ပါဝင်ခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီတစ်ကြိုပေးခြင်း ခံရတာဖြစ်ပါတယ်။

နောက်ထပ် အမျိုးသားဇာတ်ပို့ဆုအတွက် အကယ်ဒမီတစ်ကြိုပေးခြင်းခံရသူကတော့ ထွန်းထွန်း(Example) ပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ထွန်းထွန်းကို "အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီရနိုင်တယ်ဆိုပြီး ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ထွန်းထွန်းဟာ ဖိုးသကြား အဖြစ် ကြမ်းသင့်သည်ကို ကြမ်း ဆွေးသင့်သည်ကို ဆွေး အပိုအလိုမရှိ ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ပရိသတ်ရင်ထဲအရောက်လှမ်းနိုင်ခဲ့တာကြောင့် ယခုလို အကယ်ဒမီတစ်ကြိုပေးခြင်း ခံရတာဖြစ်ပါတယ်။

အခုချိန်မှာတော့ အကယ်ဒမီရာသီ ရောက်ဖို့မဝေးတော့အတွက် အကယ်ဒမီရင်ခုန်သံတွေက ညံစပြုလို့လာပါပြီ။ အနုပညာရှင်တွေနဲ့အတူ သူတို့ရဲ့ ပရိသတ်တွေကလည်း ရင်ခုန်နေကြပါတယ်။ ဒီနှစ်မှာကော ဘယ်သူတွေက အကယ်ဒမီဆုရှင်တွေ ဖြစ်လာမလည်း ဆိုတာ စောင့်ကြည့်ရအောင်လား ပရိသတ်ကြီးရေ…………

Source: Myanmar Film Acadmey

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။