တောင်ကြီးတန်ဆောင်တိုင် ဘန်ဂလိုဆောက်လုပ်ရေးမှ ဖြစ်လာနိုင်မည့် အကျိုးဆက်

တောင်ကြီးတန်ဆောင်ပွဲဆိုတာကမ္ဘာကတောင်အသိအမှတ်ပြု ထားခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီပွဲကိုဆိုရင်ဖြင့် နိုင်ငံတနှံ့တပြားတိုင်းရင်းသားပေါင်းစုံလာရောက်လည်ပတ်ကြပြီး ပျှမ်းမျှဦးရေ သိန်းဂဏန်းအထိအောင် စည်ကားသိုက်မြိုက်တဲ့ ပွဲတော်ကြီးပါ။ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမတွေရဲ့ တန်ဖိုးထားရတဲ့ ရိုးရာပွဲတော်တစ်ခုဆိုရင်လည်း မမှားပါဘူး။ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ရဲ့သင်္ကေတတစ်ခုကိုပြပါဆိုရင်တော့ မီးပုံလွှတ်တင်ခြင်း ကိုပဲပြရပါမယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ ညသန်းခေါင်ယံမှတော့ လှပဝေဆာလင်းထိန်နေတဲ့ မီးပုံးကြီးတွေကိ မြင်တွေ့ရတာဟာ အင်မတန်ကို ကြည်နူးစရာကောင်းတာအမှန်ပါ။ ယခုဆိုရင်လည်း တန်ဆောင်တိုင်ပွဲကို တစ်ကြော့ပြန်လည်လို့လာပါပြီ။ အားလုံးစောင့်မျှော်နေကြတဲ့ တန်ဆောင်တိုင်ပွဲမှာ အရင်လိုမဟုတ်ဘဲ တိုးလာတာတစ်ခုကတော့………………

အားလုံးသိထားကြတဲ့အတိုင်း တောင်ကြီးတန်ဆောင်တိုင်ပွဲက ကွင်းပြင်ကျယ်မှာ ကျင်းပတာဖြစ်တဲ့အတွက် အများစုက မီးပုံးလွှတ်တာကို မတ်တပ်ရပ်ကြည့်တာဖြစ်ဖြစ် ကိုယ်ပိုင်ကားပေါ်တွေကနေကြည့်တာဖြစ်ဖြစ် ဒီလိုပဲကြည့်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီနှစ်တန်ဆောင်တိုင်မှာတော့ တာဝန်ရှိအဖွဲ့အစည်းက ကွင်းအတွင်း ဘန်ဂလိုအလုံးနှစ်ရာ ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းနဲ့အတူ ဓာတ်ပုံတွေ တွေ့လာရပါတယ်။ ဒီလို ဆောက်လုပ်တာနဲ့ပတ်သတ်ပြီး ဝေဖန်သံတွေထွက်ပေါ်လာပြီး အများစုကတော့ သဘောမတူတာတွေ့ခဲ့ရပါတယ်။ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးကတော့ တန်ဆောင်တိုင် ဘန်ဂလို ဆောက်လုပ်ခြင်းနဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အောက်ပါတိုင်း ရေးသားပြောဆိုထားပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ဘန်ဂလိုမှ ဖြစ်လာနို်ုင်

သည့် အကျိုးဆက်

၁-အမိုးနှင့်ဖြစ်သဖြင့် မီးပုံးပျံတစ်လုံးတက်သွားတိုင်း ပြေးထွက်ကြည့်ရှုရမည်

(ဇိမ်ဖြင့်ကြည့်ရှုနိုင်မည်တွေးပြီးဝယ်လျှင် မှားမည်)

၂-ဘန်ဂလိုပေါ် (ဘန်ဂလိုအနီးတွင်)မီးပုံးပျံ ပျက်ကျခြင်းနှင့် ယမ်းကြဲမှုများ ဖြစ်ခဲ့ပါက ပြေးရန်ခက်ခဲခြင်း

(အရေးကြုံသဖြင့် ကွင်းပြင်တွင်ပြေးလျှင်ပင် အဆင်မပြေမှုများရှိသည်ကို ကြုံဖူးတွေ့ဖူးသူတိုင်းသိသည်)

၃-ထို့အပြင်အရေးကြုံလာသဖြင့် ပြေးရမည်ဆိိုုသော် ၅ ခန်းတွဲ ဘန်ဂလိုများဖြစ်သဖြင့် အလည်ခန်းများ ပိတ်မိကျန်နေနိုင်ခြင်း

၄-လွန်စွာစည်ကားသော အဖိတ်နှင့် လပြည့်

နေ့များတွင် မီးပုံးပျံလွတ်တင်သည့်ကွင်းထဲသို့

လူဝင်ရောက်မှုကိုတားမြစ်သဖြင့် ဘန်ဂလိုမရှိသောနှစ်များတွင်ပင် လူကြပ်သည့်ပြသနာဖြစ်လေ့ရှိသည်

ယခု ဘန်ဂလို ၂၀၀ ဆိုသည့် အကျယ်ဝန်းကြောင့် ကွင်းကျဉ်းသွားသည်ကို တွက်ကြည့်စေလိုသည်

၅-တောင်ကြီးသား တောင်ကြီးသူ အားလုံးနီးပါး

(တော်တော်များများ)သည် ထိုဘန်ဂလိုတွင်

အခမဲ့ပေးကြည့်မည်ဆိုလျှင်ပင် အန္တရယ်ကို

မြင်ကြသဖြင့် ကြည့်မည်မဟုတ်ပါ

ဘန်ဂလိုဆောက်နေခြင်းအစီစဉ် ရပ်ဖို့တော့

မဖြစ်နိုင်လောက်တော့ပါ ထို့ကြောင့်

နယ်မှလာသူဧည့်သည်များ ထိုဘန်ဂလိုများတွင်

ကြည့်ပြီး ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့်

ယခုစာအားရေးသားရခြင်းဖြစ်ပါသည်။

အထက်ပါရေးသားချက်များအရ ဘန်ဂလိုဆောက်လုပ်ခြင်းကို ရပ်ဆိုင်းရန်မဖြစ်နိုင်သဖြင့် ဘန်ဂလိုဝယ်မည်ဆိုလျှင် သေချာစဉ်းစားချင့်ချိန်ပြီးမှ ဝယ်သင့်ကြောင်း အသိပေးနှိုးဆော် လိုက်ပါတယ်………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။