ခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်လာနိုင်တဲ့ အိချောပိုက ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာတာကို တွေ့ရမှာပါ။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာဆိုရင် မင်းသမီးလုပ်ကွက်က အရေးကြီးပါတယ်။ ဒါနဲ့ပတ်သတ်ပြီး သရုပ်ဆောင် အိချောပိုကနေ ယခုလိုပြောကြားခဲ့ပါတယ်။

စာရေးဆရာမင်းလူ၏ တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်သော ‘ပြောတိုင်းယုံတဲ့ပုတ်သင်ညို’ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်နေပြီဖြစ်ပြီး ယင်းဇာတ်ကားကို ရန်ကုန်တက္ကသိုလ်၌ ရိုက်ကူးနေပြီဖြစ်ပါတယ်။ ယင်းဇာတ်ကားတွင် အဓိကသရုပ်ဆောင်တစ်ဦးအဖြစ် အိချောပိုကနေ ပါဝင်သရုပ်ဆောင်ထားသည်ကို တွေ့ရပါတယ်။ ရုပ်ရှင်တိုင်းမှာ မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားရွေးချယ်ပုံကိုတော့ အိချောပိုကနေ ယခုလို ပြောကြားခဲ့ပါတယ်။

" အိချောဇာတ်လမ်းတစ်ခုရပြီ ဆိုတာနဲ့ အဲဒီဇာတ်လမ်းနဲ့ လိုက်ဖက်မယ့်ပြင်ဆင်မှုတွေကို ကြိုတင်စဉ်းစားတယ်။ ဒီဇိုင်နာကိုပြော တယ်။ ဒီဇိုင်နာက ဘယ်လိုပုံဖော် ချင်တယ်ဆိုရင် ညှိပြီး ဝတ်ဖြစ်တာ များတယ်။ မြန်မာဝတ်စုံဝတ်ရတာ ကိုလည်း အိချောကြိုက်တယ်။ ပြီး တော့ ဒီကာရိုက်တာကလည်း တက္ကသိုလ်ကျောင်းသူ။ မိန်းထဲမှာ ရိုက်တာဆိုတော့ မြန်မာဝတ်စုံနဲ့ က ပိုအဆင်ပြေတယ်။ မြန်မာဝတ်စုံဝတ်တဲ့နေရာမှာ ဆွဲဆောင်မှုရှိတဲ့ကောင်မလေး ပုံစံဖြစ်အောင် ဒီဇိုင်နာနဲ့ညှိဖြစ်တယ်။ " လို့ပြောကြားခဲ့ပါတယ်။

ဇာတ်ကားရွေးချယ်တဲ့အပေါ်ကိုလဲ သရုပ်ဆောင် အိချောပိုကနေ ယခုလိုပြောကြားခဲ့ပါတယ်။

"ဇာတ်လမ်းက ကိုယ့်အတွက်လည်း လုပ်ကွက်ရမယ်။ ပရိသတ်တွေလည်း ကြိုက်မယ်ထင်တာကို လက်ခံပြီး ရိုက်ကူးပါတယ်။ တချို့ဇာတ်တွေ ကျတော့ မင်းသမီးလုပ်ကွက်ရချင် မှရတယ်။ ဒါပေမဲ့ ဇာတ်တစ်ဇာတ်လုံး ခြုံကြည့်လိုက်ရင် ပရိသတ် စိတ်ဝင်စားမယ်။ ကြိုက်နိုင်မယ် ထင်ရင်တော့ ရိုက်ပါတယ်။ ငြင်းတယ် ဆိုတာကလည်း လက်ခံမယ်ဆိုတဲ့ဇာတ်တွေဆိုရင် ဇာတ်ကိုအရင်ဖတ်ပြီးမှ လက်ခံတယ်။တချို့ကားတွေကျတော့လည်း အနီးကပ်မှ အပြောင်းအလဲလေးတွေကြောင့် မတတ်သာလို့ ငြင်းလိုက်ရတာမျိုး တွေလည်း ရှိပါတယ်။ "

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။