နောက်ပိုင်းရုပ်ရှင်တွေမှာ အတွေ့များလာတဲ့ ချစ်ဖို့လဲကောင်းတဲ့ ရွှေသမီးကတော့ သူမရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး အသည်းကွဲမှာကိုကြောက်နေပါတယ်တဲ့။ ရွှေသမီးရဲ့ အသည်းကွဲရမှာကြောက်တဲ့ အကြောင်းအရင်းကတော့..

လက်ရှိမှာ အနုပညာအလုပ်ဘက်ကိုဦးစားပေးပြီး ကြိုးစားနေရတဲ့အတွက် အချစ်ရေးဘက်ကို မစဉ်းစားသေးပါဘူးလို့ လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေသမီးက ပြောကြားပါတယ်။

''ညီမရဲ့အကျင့်က ကိုယ်စိတ်ဝင်စားတာ တစ်ခုရှိရင် ကျန်တဲ့အရာတွေဘက်မှာ အားလျော့သွားတတ်တယ်။ အခုချိန်မှာ ညီမက အနုပညာအလုပ်ဘက်ကို ပိုပြီးစိတ်ရောက်နေတာ ဖြစ်တဲ့အတွက် အချစ်ရေးဘက်ကို စိတ်မဝင်စားသေးဘူး။ ကိုယ် စိတ်ဝင်စားတာ တစ်ခုရှိရင် ညီမကကျန်တာတွေကို အကုန် မေ့တယ်''လို့ အချစ်ရေးကို မစဉ်းစားဖြစ်သေးတဲ့ အကြောင်းရင်းကို ၎င်းကထပ်လောင်း ပြောဆိုပါတယ်။

ကိုယ့်ကိုချစ်ခင်လို့ ပိုးပန်းလာကြတဲ့ လူတွေရှိပေမယ့်လည်း အနုပညာအလုပ်ဘက်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တဲ့အတွက် အချစ်အကြောင်း မစဉ်းစားဖြစ်သေးတဲ့အကြောင်းက ယဉ်ယဉ်ကျေးကျေး ပြောပြပြီး ငြင်းဆန်ဖြစ်ကြောင်း ရွှေသမီးကပြောကြားပါတယ်။

''ညီမဘဝမှာ အသည်းမကွဲဖူးသေးဘူး။ အသည်းကွဲရမှာကို ကြောက်လို့လားတော့မသိဘူး။ ရည်းစားလည်း မထားဖြစ်သေးဘူး။ ကိုယ့်ကိုချစ်ကြောင်း ကြိုက်ကြောင်း လာပြောတဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ်တကယ် အချစ်စစ်နဲ့ ချစ်တဲ့သူ မတွေ့သေးဘူးလို့တော့ ထင်တယ်။ ဒါကတော့ ညီမအမြင်ပေါ့''လို့ ၎င်းက ဆိုပါတယ်။

Source : the voice

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။