ဥက္ကဌတစ်ယောက်ဖြစ်တဲ့ လူမင်းဟာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုများကို အားမရတဲ့ အတွက် ရုပ်ရှင်လောက မှာ အဝေအဖန်ခံနေရပါတယ်။ ထိုသို့ပြောဆိုမှုများမှာ ဦးမျိုးမင်းလည်း အပါအဝင် ဖြစ်တဲ့ အတွက် လူမင်းကတော့ သည်းမခံနိုင်တဲ့ အဆုံး ယခုလိုမျိုး တုန့်ပြန်လိုက်ပါတော့တယ်။

ဒါရိုက်တာ ဦးမျိုးမင်းကတော့ ထိုကဲ့သို့ နို့တစ် စာပို့ရတဲ့ အကြောင်းအရင်းက ဂျာနယ်တစ်ခုက အင်တာဗျူးမှာ ပြောထာတဲ့စကားနှင့် ပတ်သက်တယ်လို့ဆိုပါတယ်။ သူဟာ ထိုဂျာနယ်ကို ဘယ်သူပိုင်လဲတောင်မသိတဲ့ အပြင် ဂျာနယ်ကိုတောင် မနေ့က ပြန်ရောက်မှတွေ့ရတာလို့ဆိုပါတယ်။

ယခုလိုပြောထားပါတယ်။'လူမင်းရဲ့ နို့တစ်စာပေးပို့လာမှုအပေါ်မှာ ဦးမျိုးကတော့ရင်ဆိုင်သွားမယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နို့တစ်စာပို့တာလဲဆိုတော့ ဦးမျိုး အင်တာဗျူးတစ်ခု ဖြေထားတာနဲ့ပတ်သက်ပြီးတော့ မကျေနပ်လို့ အခုလိုမျိုး နို့တစ်စာပို့တာပါ။ ဦးမျိုးက ခရီးသွားနေတာ၊ ခရီးသွားပြီး ပြန်လာတဲ့အချိန်မှာ အိမ်မှာ နို့တစ်စာရောက်နေ တာကို တွေ့တာပဲ။

အမှန်အတိုင်းပြောရရင် ဦးမျိုး ဖြေထားတဲ့ဂျာနယ်ကိုတောင်မှ မနေ့ကမှ တွေ့တာပါ။ ဒါတောင် သူများပို့ပေးလို့ တွေ့ရတာပါ။ အဲဒီဂျာနယ်ကို ဘယ်သူထုတ်လဲဆိုတာကိုတောင်မသိဘူး။ ဦးမျိုးက အဲဒီအင်တာဗျူးမှာ ဘာဖြေထားလဲဆိုတော့ 'ကျွန်တော် တို့ဥက္ကဋ္ဌကိုယ်တိုင်က အပြာကားဆန်ဆန် တဏှာရူး ကားဆန်ဆန်ရိုက်နေတော့ ဘယ်သူက လေးစားမှာလဲ'ဆိုပြီးတော့ ဦးမျိုးက ဖြေခဲ့တယ်။

အဲဒီစကားရပ်အပေါ် သူက မကျေနပ်လို့ တရားစွဲတာ ဒါပဲလေ။ အခု ကလေးတွေကလည်း နောက်လိုက်ရိုက်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ပြင်ဆင်နေကြတာ မျိုးတွေ ဖြစ်လာတော့ အစည်းအရုံးဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မရိုက်သင့်ဘူးလို့ ပြောတာပါ။ ဥက္ကဋ္ဌကိုယ်တိုင် က အဲဒီလိုမျိုးရိုက်ကူးနေရင် ကလေးတွေကို ဘယ်လို တားကြမလဲဆိုပြီးတော့ ပြောတာ။' ဆိုပြီးပြောကြားသွားပါတယ်။ ကဲ လူမင်းနှင့် ဦးမျိုး ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်။

Source: yangon media group

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။