Nay Toe Myanmar Famous Actor ဆိုတဲ့ Fan page တစ်ခုတည်းကိုပဲ သုံးတယ်ဆိုတဲ့ နေတိုး

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မီဒီယာတစ်ခုကရေးသားခဲ့တဲ့ "လက်ထပ်ဖို့စီစဉ်နေတဲ့ နေတိုး နဲ့ ဝတ်မှုန်ရွှေရည်" ဆိုတဲ့ သတင်းကြောင့် နေတိုး နဲ့ ကစ်ကစ်ရဲ့ fan တွေကြားမှာ ဟိုးလေးတကြော်ကြော်နဲ့ ရေပန်းစားခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး ရက်နည်းနည်းကြာတော့ Nay Toe (Naylin Aung Official Account) ဆိုတဲ့ အကောင့်တစ်ခုကနေပြီးတော့ "ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်။ ပြောပြထားတဲ့ ပုံတွေက Shooting မှာရိုက်ထားတာပါ။ ရေးထားတဲ့စာထဲက အကြောင်းအရာတွေကလည်း တကယ်မဟုတ်ပါဘူးဆိုပြီး" သတင်းမှန်ကန်မှုမရှိပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ တိုက်ရိုက် interview လုပ်ခဲ့တဲ့ အခါမှာတော့…………

နေတိုးက "ကျွန်တော်အနေနဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်အကောင့်ဖွင့်ပြီး သုံးစွဲနေတာမျိုးတော့ မရှိပါဘူး။ FanPage အနေနဲ့တော့ Nay Toe: Myanmar Famous Actor ဆိုတာကိုပဲ သုံးတာပါ" ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒါဆိုရင် စဉ်းစားကြည့်ရအောင်လား ပရိသတ်ကြီးရေ။ နေတိုးအနေနဲ့ ဖေ့စ်ဘုတ်မသုံးဘူးဆိုတော့ ဝတ်မှုံရွှေရည်နဲ့ပတ်သတ်တဲ့ကောလဟာလ ကို ငြင်းခဲ့တာ နေတိုးမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါဆိုရင် နေတိုးက ဝတ်မှုန်ရွှေရည်နဲ့လက်ထပ်မယ်ဆိုတဲ့ ကောလဟာလဟာ တကယ်များဖြစ်နေမလား…………

မဟုတ်ပါဘူးတဲ့ ပရိသတ်ကြီးရေ………

ထွက်ခဲ့တဲ့ ကောလဟာလတွေအပေါ်မှာတော့ နေတိုးက " ဒီကောလဟာလ နဲ့ပတ်သတ်ပြီး ဖြေရှင်းခဲ့တာမျိုး မရှိပါဘူး။ ပြီးတော့ အဲ့ဒီ ကောလဟာလကလည်း တကယ်မဟုတ်ပါဘူးဗျာ" ဆိုပြီး ပြောသွားခဲ့ပါတယ်။ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီးမေးတဲ့အခါမှာတော့ သူ့ကိုယ်သူ ပြန်မေးနေဆဲအခြေအနေမှာပါ ရှိတုန်းပါလို့ ြ့ပန်လည်ပြောဆိုခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။