ကျောက်ဖြူမြို့နယ်တွင် မိန်းကလေးအား ဓားနှင့်မသေမချင်း ထိုးသတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်ခဲ့

​ကျောက်​ဖြူမြို့နယ်​၊​တောင်​ရင်​း​ကျေးရွာ၊ကညင်​​တော​ကျေးရွာတွင်​

သမီးရည်​စား(၂)ဦး​သေဆုံးသည်​့လူ

သတ်​မှု​ပေါ်​ပေါက်​၊ကျား(တစ်​ဦး)နှင့်​့မ(တစ်​ဦး)​သေဆုံး

​ကျောက်​ဖြူမြို့နယ်​၊​တောင်​ရင်​း​ကျေးရွာအုပ်​စု၊ကညင်​​တော​ကျေးရွာ​တွင်​​အောက်​တိုဘာလ(၃၁)ရက်​​နေ့နံနက်​၈နာရီ

​ကျော်​ခန်​့တွင်​အမျိုးသားတစ်​ဦးမှအမျိုးသမီးတစ်​ဦးအား​နေအိမ်​ကထွက်​လာသူကိုအသင်​့ပါလာ​သေါဒါး​မြှောင်​ငယ်​ဖြင်​့(၁၀)ချက်​ထိုးပြီး၊မိမိကိုယ်​ကို(၃)ချက်​ထိုးကာ

​သေဆုံးသွားခဲ့သည်​့လူသတ်​မှု​ပေါ်

​ပေါက်​ခဲ့သည်​။

​ကျောက်​ဖြူမြို့နယ်​ရဲတပ်​ဖွဲ့စခန်​းသို့

​သေဆုံးသူမ​မေစုထွန်​း၊၂၇.နှစ်​၊(ဘ)

ဦးဘသိန်​း၊ကမ္ဘာ့ရတနာ့ဘဏ်​၊ကညင်​​တော​ကျေးရွာ၊ကုန်​​ဘောင်​စု

​နေသူ၏အစ်​မဖြစ်​သူမခင်​မိုးမိုး​ဆွေ၊

၃၂.နှစ်​၊(ဘ)ဦးဘသိန်​း၊အလယ်​တန်​းပြဆရာမ၊ကညင်​​တော​နေသူမှအမှုလာ​ရောက်​ဖွင်​့လှစ်​ရာအစ်​မအရင်​းဖြစ်​သူမှ"ကျမ၏ညီမဖြစ်​သူမ​မေစုထွန်​း၊မှာနံနက်​(၈း၃၀)နာရီတွင်​မိမိ​နေအိမ်​မှ​ကျောက်​ဖြူမြို့၊အလယ်​ပိုင်​းရပ်​ကွက်​ရှိကမ္ဘာ့ရတနာ့ဘဏ်​သို့ရုံးသွားရန်​မိမိ​နေအိမ်​ခြံထဲမှထွက်​ပြီးသွားရာဆိုင်​ကယ်​လဲသံနှင်​့အတူမိမိ၏ညီမ​လေး​အော်​သံကိုကြားရ၍ထွက်​ကြည်​့ရာညီမ​လေး၏ရည်​းစားဖြစ်​သူထွန်​းမင်​းဇာ

ဆိုသူကညီမ​လေးကိုဓားဖြင်​့အဆက်​မပြတ်​ထိုး​နေသည်​ကိုမြင်​

​တွေ့ရ​သော​ကြောင်​့အနီးပတ်​ဝန်​း

ကျင်​အား​အော်​ဟစ်​အကူအညီ​တေါင်​းခံရာအိမ်​နီးနားရှိဦး​စောလှ​အောင်​မှထွန်​းမင်​းဇာအားမပြုလုပ်​ရန်​တားမြစ်​​ပြောဆိုခဲ့ပြီးညီမဖြစ်​သူမ​မေစုထွန်​းမှာထွန်​းမင်​းဇာထိုးလိုက်​​သောဓားဒဏ်​ရာများဖြငိ့လဲကျသွား

စဉ်​ထွန်​းမင်​းဇာမှာလည်​းမိမိအသင်​့ပါလာ​သောဓား​မြှောင်​ဖြင်​့မိမိကိုယ်​ကိုမိမိပြန်​လည်​ထိုးလိုက်​သည်​့အတွက်​​ကြောင်​့အဆိုပါ(၂)ဦးစလုံး

မှာအခင်​းဖြစ်​​နေရာတွင်​ပင်​လဲကျသွားကြသည်​ကိုမြင်​​တွေ့ခဲ့ရ

​ကြောင်​းအစ်​မဖြစ်​သူမခင်​မိုးမိုး​ဆွေ

မှတိုင်​ချက်​ဖွင်​့ရာတွင်​​ပြောဆိုခဲ့သည်​။

အဆိုအခင်​းဖြစ်​သည်​့​နေရာသို့​ကျောက်​ဖြူမြို့နယ်​ရဲတပ်​ဖွဲ့စခန်​းမှ

​ခေတ္တစခန်​းမှူးရဲအုပ်​​ကျော်​နီထွန်​း၊နယ်​ထိမ်​း​ခေါင်​း​ဆောင်​ရဲအုပ်​ရဲထွန်​း

နှင်​့တပ်​ဖွဲ့ဝင်​မ​ျားမှရဲလုပ်​ထုံးလုပ်​နည်​းနှင်​့အညီ​ဆောင်​ရွက်​ခဲ့ရာ​သေ

ဆုံးသူမ​မေစုထွန်​းမှာယာဘက်​လက်​​မောင်​းတွင်​ထိုးသွင်​းဒဏ်​ရာ

(၁)ချက်​၊ရင်​ဘတ်​နို့အုံထိုးသွင်​းဒဏ်​ရာ(၂)ချက်​၊ဝဲဘက်​နံ​ဘေးတွင်​ထိုး

သွင်​းဒဏ်​ရာ(၂)ချက်​၊​နောက်​​ကျောဘက်​တွင်​ထိုးသွင်​းဒဏ်​ရာ

(၂)ချက်​၊ခါးရိုးတွင်​ထိုးသွင်​းဒဏ်​ရာတစ်​ချက်​၊ဝဲဘက်​လက်​ဖျံထိုးသွင်​းဒဏ်​ရာ(၂)ချက်​ရရှိကာအခင်​းဖြစ်​

​နေရာတွင်​ပင်​​သေဆုံးခဲ့ပြီး၊တရားခံ

​ဖြစ်​သူထွန်​းမင်​းဇာတွင်​လည်​းဝမ်​းဗိုက်​တွင်​ထိုးသွင်​းဒဏ်​ရာ(၂)ချက်​၊

ရင်​ဘတ်​နို့အုံတွင်​ထိုးသွင်​းဒဏ်​ရာတစ်​ချက်​တို့ဖြင်​့​တွေ့ရှိရာထွန်​းမင်​းဇာဆိုသူမှာ​ကျောက်​ဖြူ​ဆေးရုံအ​ရောက်​၌​သေဆုံးသွား​ကြောင်​းသိရှိ

ရသည်​။

အခင်​းဖြစ်​စဉ်နှင်​့ပတ်​သက်​၍​သေဆုံးသွားသူမ​မေစုထွန်​း၏အစ်​မဖြစ်​သူမခင်​မိုးမိုး​ဆွေမှတရားလိုပြု

လုပ်​ကာ​ကျောက်​ဖြူမြို့နယ်​ရဲတပ်​

ဖွဲ့စခန်​းသို့မ​မေစုထွန်​းကို​သေ​အောင်​ဓားဖြင်​့ထိုးသူထွန်​းမင်​းဇာ၊၂၇.နှစ်​၊(ဘ)ဦးဖြူတင်​၊ရခိုင်​ပိုက်​ဆိပ်​ရပ်​ကွက်​၊ဘုရားကြီးလမ်​း၊​ကျောက်​ဖြူမြို့​နေသူအ​ပေါ်ဥပ​ဒေအရအ​ရေးယူ​ပေးပါရန်​

တိုင်​ကြားလာသဖြင်​့ရဲစခန်​းမှ(ပ)၇၀၆/၂၀၁၆၊ရာဇသတ်​ကြီးပုဒ်​မ၊၃၀၂ဖြင်​့အမှုဖွင်​့လှစ်​​ဆောင်​ရွက်​ထား​ကြောင်​းသိရသည်​။

​သေဆုံးသူမ​မေစုထွန်​းနှင်​့ထွန်​းမင်​းဇာတို့သည်​သမီးရည်​စားနှစ်​ဦးသ​ဘောတူချစ်​ကြိုက်​သူများဖြစ်​ကြကာစိတ်​​နေသ​ဘောထားအခန်​့မသင်​့ဖြစ်​ကြ

​သော​ကြောင်​့ထွန်​းမင်​းဇာမှမ​မေစုထွန်​းအားဓားဖြင်​့

ထိုးခဲ့​သောဓားဖြင်​့ပင်​ထွန်​းမင်​းဇာမှမိမိကိုယ်​ကိုပြန်​

၍ထိုးသတ်​ကာ​သေခဲ့ကြသည်​့ဖြစ်​ရပ်​မှန်​ဖြစ်​ပါသည်​။စိတ်​မ​ကောင်​းစွာဖြစ်​​နေကြသည်​့ပြည်​သူ

လူထုများမှလူငယ်​​လေး၂ဦးမှာဘာ​ကြောင်​့အညိုး

​အ​တေးမ​ကျေနပ်​မှုရှိ​နေခြင်​းကို​သေဆုံးသူ၂ဦးက

သာသိရှိကြပါမည်​။ချစ်​သူရည်​းစားထားကြသူများအတွက်​သင်​ခန်​းစာရယူ​ပေးဖို့

နှင်​့အသိသတိထားကြပါရန်​သတင်​း​ကောင်​း​ဖေါ်ပြ

လိုက်​ပါသည်​။

Credit - သတင်​း​ထောက်​​စောမိုး​ကျော်​(၅၀၉၊​ကြေးမုံ)​ကျောက်​ဖြူမြို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။