မရမ်းကုန်းမြို့နယ်၊ မြိုင်ဟေဝန်ပန်းခြံအတွင်းရှိ ရေကန်အတွင်းမှ

သေနတ် ၂ လက်နှင့် ကျည်များတွေ့ရှိ

၂၉.၁၀.၂၀၁၆ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊

ကမ္ဘာအေးဘုရားလမ်း၊ မြိုင်ဟေဝန်ပန်းခြံအတွင်းရှိ ရေကန်အတွင်းမှ

သေနတ် ၂ လက်နှင့် ကျည်များတွေ့ရှိကြောင်းသတင်းအရ မရမ်းကုန်း

မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ သွားရောက်

စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ မရမ်းကုန်းမြို့နယ်နေ ကိုကျော်မင်းဟိန်းမှ အဆိုပါကန်

အတွင်းငါးမျှားစဉ် ငါးမျှာချိတ်နှင့် ချိတ်မိပြီးပါရှိလာသည့် ကြွပ်ကြပ်အိတ်

အတွင်းမှ သေနတ်အိတ်အတွင်းထည့်ထားသော Webley Patents

စာတမ်းပါ သံချေးတက်နေသည့် .၃၈ ဗို့ ခြောက်လုံးပြူးသေနတ် ၁ လက်၊

သားရေချိုင်းလွယ် သေနတ်အိတ်အတွင်းထည့်ထားသော 7.65 MM.90

စာတမ်းပါ အီတလီနိုင်ငံထုတ် သံချေးတက်နေသည့် ပစ္စတိုသေနတ်

၁ လက်နှင့် ၎င်းကျည်အိမ်တပ်လျက် ၁ ခု၊ ၎င်းကျည် ၅၆ တောင့်၊ .၃၈ ဗို့

ခြောက်လုံးပြူးကျည် ၁ တောင့်၊ 5.56 M ကျည်အိမ်အတို ၁ ခုနှင့် ၎င်း

ကျည်အိမ်အတွင်းမှ 72 MM ကျည် ၁၁ တောင့်၊ ၉ မမ ကျည် ၁ တောင့်၊

S&B 7.65 B စာတမ်းပါ ကျည် ၂ တောင့်တို့အား စစ်ဆေးတွေ့ရှိရသဖြင့်

သိမ်းဆည်းထားရှိပြီး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ

ပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။