မြန်မာယူ ၂၂ အသင်း ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်လျက်ရှိ

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းကလဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ တွင် လေ့ကျင့်မှုများစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းကို ပဏာမအားကစားသမား ၃၇ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ပဏာမလူစာရင်းကို နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိကာ လက်ရှိဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင်အသင်းမှှ ကစားသမား ကိုးဦးအထိ ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် လာမည့်ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် မလေးရှား ယူ-၂၂ အသင်းနှင့်ခြေစမ်းပွဲ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတို့အတွက် လေ့ကျင်ပြင်ဆင်နေခြင်းဖြစ်ပြီး ဦးကျော်လွင်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကာလရှည်လေ့ကျင့်ပြင်ဆင်မည် ဖြစ်သော်လည်း ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားမည်ဖြစ်ပြီး ဧပြီလမှသာ ပြန်လည်လေ့ကျင့်ဖွယ် ရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းတွင် လက်ရွေးစင်အသင်းမှ အောင်သူ နန္ဒကျော် သန်းပိုင် မျိုးကိုထွန်း ရန်နိုင်ထွန်းစသည့်ကစားသမားများ ပါဝင်လာမည်ဖြစ်ပြီး စင်ကာပူဆီးဂိမ်းစ်တွင် ငွေတံဆိပ်ဆုရယူခဲ့သည့် မြန်မာယူ-၂၃ အသင်းမှ အသက်မီသည့် စည်သူအောင် နှင့် ရှိုင်းသူရ တို့ ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။