From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားဟာ ထိုင်းနှင့်မြန်မာပူးပေါင်းရိုက်ကူးထားတဲ့ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ ရိုက်ကူးထားပြီး သိန်းငါးထောင်ကျော် အကုန်အကျခံထားတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ခါတိုင်းမြန်မာကားတွေနှင့်မတူဘဲ ကွဲပြားတဲ့ရုပ်ရှင်ကားမျိုးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ထိုရုပ်ရှင်ကားထဲမှာတော့နေတိုး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင် နှင့် ထိုင်းမင်းသမီး နန်ခမ်းတို့ပါဝင်မှာဖြစ်ပါတယ်။ ထိုကားရဲ့ ရုပ်ရှင်အကြိုပွဲကိုတော့ အောက်တိုဘာ ၂၇ ရက်နေ့ သမ္မတ ရုံမှာကျင်းပခဲ့တာဖြစ်ပါတယ်။ Red Carpet လို့ခေါ်တဲ့ ကော်ဇောအနီကို ခန့်ညားစွာခင်းကျင်းထားခဲ့ပြီး ဓာတ်ပုံရိုက်ရန်အတွက် ဖိုတိုဘွတ် (Photo Booth) လဲထားပေးခဲ့ပါတယ်။

ထိုအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီး ဦးဖြိုးမင်းသိန်းလည်း ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲတွေဖြစ်တဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းတို့ရဲ့ ပရိသတ်မြောက်များစွာလည်း လာရောက်ခဲ့ကြပါတယ်။ အကြိုပွဲကို ကြာ့်ရှု့ခွင့်ရရှိခဲ့တဲ့ သူတွေ ကတော့ရုပ်ရှင်ဟာ အလွန်ကောင်းမွန်တယ်လို့ပြောပြီး အရင်က ပြသနေကြ ရုံကြီးကားတွေ နှင့် အလွန်ကို ကွာခြားတယ်လို့ဆိုကြပါတယ်။

ကဲပရိသတ်တို့ရော အခုဘဲ ဘန်ကောက်မှ မန္တလေးသို့ကိုသွားကြည့်ပြီးပြီလား....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။