အခြောက်ဇာတ်ကားတွေ လုံးဝရိုက်မှာ မဟုတ်ဘူးဆိုတဲ့ အောင်ရဲလင်း

အရပ်ကမြင့်မြင့် ဗလကတောင့်တောင့် နှုတ်ခမ်းမွှေးခပ်စစနဲ့ မင်းသားဆိုရင် ပရိသတ်ကြီးကဘယ်သူ့ကို စဉ်းစားမိပါသလဲ………

ဟုတ်ပါတယ် အောင်ရဲလင်းပါ။ သရုပ်ဆောင် အောင်ရဲလင်းက မြင်းမိုရ်ဆိုတဲ့ အမည်နဲ့အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်ရန်အနေနဲ့ သရုက်ဆောင်ခဲ့ပါသေးတယ်။ မြင်းမိုရ်ဘဝတုန်းကတော့ လူသိမများခဲ့ပေမယ့် အခုချိန်မှှာတော့ ပျိုမေတွေအသဲစွဲရတယ့် အောင်ရဲလင်းတစ်ယောက်ဖြစ်လာပါပြီ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာနှင့် ရုပ်ရှင်ကားကြီး အနည်းငယ် ရိုက်ကူးထွက်ရှိထားပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားတစ်လက်ပါ။

အောင်ရဲလင်းအနေနဲ့ ပေါ်ကာစအချိန်တုန်းကတော့ ခေတ်ရဲ့ပေါ်လစီအရ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် မျက်နှာ cute type ကိုရီးယားမင်းသားပုံစံနဲ့ ပေါ်လာခဲ့တာပါ။ ကြိုက်တဲ့သူတွေလည်း အများအပြားရှိခဲ့သလို မကြိုက်တဲ့သူတွေလည်း ထုနဲ့ဒေး ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်း သူ့ရဲ့ပုံစံကို ပြောင်းလဲလိုက်ပြီး ကတုံးပေါက်ကေ နှုတ်ခမ်းမွှေးစစ ဗလခပ်တောင့်တောင့် တက်တူးတွေထိုးပြီး ခပ်ရင့်ရင့် ခပ်ထန်ထန်ပုံစံအနေနဲ့ ပေါ်ထွက်လာပါတယ်။ ဒီပုံစံကိုတော့ မိန်းကလေး ပရိသတ်တော်တော်များများကလက်ခံအားပေးကြပြီး နောက်ပိုင်းသရုပ်ဆောင်တာလည်း အရမ်းကောင်းလာတယ်ဆိုတဲ့ အသိမှှတ်ပြု စကားသံတွေကြားခဲ့ရပါတယ်။ မင်းသားအောင်ရဲလင်းအနေနဲ့ ကျရာဇာတ်ရုပ်ကို အပီအပြင်အကျအန သရုပ်ဆောင်ပြီး ကာရိုက်တာမရွေးကို လက်ခံရိုက်ကူးလေ့ရှိတယ်ဆိုပြီးလည်း သိရပါတယ်။ ဒါပေမဲ့ အောင်ရဲလင်းက သူလုံးဝရိုက်မှာ မဟုတ်တဲ့ ကာရိုက်တာတစ်ခုကိုပြောသွားပါတယ်။ ဒါကတော့……………

ဒါကတော့ အောင်ရဲလင်းက အခြောက်ဇာတ်ရုပ်ပုံစံ သရုပ်ဆောင်ရတဲ့ကားတွေ လုံးဝမရိုက်ဘူး ဆိုပြီးတော့ ပြောခဲ့တာပါ။ အားလုံးသိထားတဲ့အတိုင်း မြန်မာမင်းသားတော်တော်များများ ဟာသာကားတွေမှာ အခြောက်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်တတ်ကြပါတယ်။ အောင်ရဲလင်းတစ်ယောက်ကတော့ သူအနုပညာအလုပ်တွေ စတင်လုပ်ကိုင်စဉ်ကတည်းက ဒီလိုဇာတ်လမ်းမျိုးတွေမရိုက်ခဲ့သလို နောက်လည်းရိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့ပါတယ်။ အောင်ရဲလင်းအနေနဲ့ ရုပ်ရှင်ဇာတ်လမ်းရွေးချယ်တဲ့အခါမှာ သူနဲ့လိုက်ဖက်မှု ရှိနိုင်မယ့် ကာရိုက်တာမျိုးကို ရွေးချယ်လေ့ရှိပြီး fashion အပိုင်းကို အသေးစိတ်လုပ်ကိုင်လေ့ ရှိသူတစ်ဦးဖြစ်တယ်တာကတော့ သူ့ရဲ့ဇာတ်ကားတွေ ကြည့်ဖူးကြတဲ့ ပရိသတ်တွေအားလုံး သိကြမှာပါ………………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။