ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်မိသားစုထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းတို့ မိသားစုလဲပါဝင်ပြီး သားသမီးတွေက နယ်ပယ်အသီးသီးမှာထူးချွန်တဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူစကားကို ပြောကြားခဲ့ပါတယ်။သားသမီး ၃ ယောက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းက ကလေးတွေ ရွေးချယ်တဲ့အပေါ်မှာပဲ မိဘတစ်ယောက်အနေနဲ့ အကုန်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မင်းမော်ကွန်းရဲ့ သားအကြီးဆုံး မင်းမြတ်ကတော့ သူဝါသနာပါတဲ့ ပန်းချီကျောင်းမှာ ပန်းချီပညာသင်ယူနေပြီး အသက် ၁နှစ်ကျော်ရှိပြီ ဖြစ်တဲ့ သားအငယ်ဆုံးလေး ဧကဘုန်းမြတ်က သီချင်းဝါသနာပါကြောင်း ပြောပါတယ်။

ပညာရေးဘက်မှာထူးချွန်တဲ့ အသက် ၁၄ နှစ်ရှိနေပြီဖြစ်တဲ့ သမီးလတ် လေပြေသွေးကတော့ YANGON ACADEMY International School ရဲ့ Scholar’s Cup ပြိုင်ပွဲမှာ ဝင်ပြိုင်တာ မြန်မာပြည်အဆင့်၊ ဘန်ကောက်အဆင့်ကို အောင်သွားပြီဖြစ်ကြောင်း သိရပါတယ်။

” သမီးက ပညာရေးဘက်ကိုရွေးတယ်။ အနုပညာလည်း ဝါသနာပါပါတယ်။ သူနိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်လို့ ပြောတယ်။ အဲဒီအတွက် သူကိုယ်တိုင်လည်း ကြိုးစားနေတယ်။ စကောလားရှစ်ရဖို့အတွက် သူကြိုးစားနေတယ်။ လောလောဆယ်တော့ Scholar’s Cup ပြိုင်ပွဲကို ဝင်ပြိုင်တာ Global Round မြန်မာပြည်အဆင့်၊ ဘန်ကောက်အဆင့်ကို အောင်သွားပြီ၊ ၁၁ လပိုင်းကျရင် အမေရိကမှာသွားပြီး ထပ်ပြိုင်မယ်၊ အဲဒီပြိုင်ပွဲမှာ ကွာလီဖိုင်းဖြစ်လို့ရှိရင် နိုင်ငံခြားမှာ ကျောင်းသွားတက်လို့ရပါပြီ” လို့ မင်းမော်ကွန်းက ပြောပါတယ်။

သားသမီးတွေအတွက် ဂုဏ်ယူပြီး ပံပိုးဖို့အဆင်သင့်ရှိနေတဲ့ မင်းမော်ကွန်းတို့မိသားစုဟာ အင်မတန်ကို ပျော်ရွှင်ကြည်နူးဖွယ်ရာပါ။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။