ရင်ထဲထိတဲ့ ရက်ပ်စာသားတွေရွတ်ပြီး ပရိသတ်တွေအားပေးမှုကို ိုရရှိလာတဲ့ စန္ဒီမြင့်လွင်နဲ့ သရုပ်ဆောင်တဲ့နေရာမှာ တော်သလို အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းတွေကိုဆိုဖြစ်နေတဲ့ စိုးပြည့်သဇင်တို့ ညီအစ်မနှစ်ယောက်ပေါင်းပြီး ပရိသတ်တွေအတွက် သီချင်းအသစ်တွေ တူတူလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

‘‘သီချင်းနှစ်ပုဒ်လောက်စီစဉ်နေတယ်။ အခွေဖြန့်ဖြစ်မလား၊ အွန်လိုင်းကပဲ ဖြန့်ဖြစ်မလားဆို တာတော့ မပြောတတ်သေးဘူး’’ ဟု စန္ဒီမြင့်လွင် ခေါ် ဒီးဒီးကနေ ပြောကြားခဲ့ပါတယ်။

နှစ်ယောက်တွဲသီချင်းလုပ် ရန်စီစဉ်နေသည်မှာ ကြာပြီဖြစ် သော်လည်း လတ်တလောတွင် အတွဲခွေများနှင့် ၎င်း၏ တစ်ကိုယ် တော်အခွေအမ်တီဗီအတွက် အချိန်ပေးနေရသောကြောင့် အချိန်ယူရဦးမည်ဟုလည်း ပြောကြားခဲ့သည်။

" အမ်တီဗီကိုတော့ ဒီနှစ် နှစ်ကုန်ပိုင်း လောက်ထွက်နိုင်အောင် ကြိုးစား နေပါတယ်’’ဟု စန္ဒီမြင့်လွင်ကပြောသည်။ နိုဝင်ဘာလအတွင်း ပြုလုပ်မည့်အေးချမ်းမေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၌လည်း ပါဝင်သီဆိုရန် အစီအစဉ်ရှိကြောင်း စန္ဒီမြင့်လွင်မှပြောကြားခဲ့သည်။

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။