BlackPink Jennie ကို Crush နေကြောင်းဝန်ခံလိုက်တဲ့ မင်းသား Nicholas Galitzine

//s9.kh1.co/c0/c0b8cc494b92ec05597f123d7dbcab6dbfc2fb02.jpg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

BlackPink Jennie ကို Crush နေကြောင်းဝန်ခံလိုက်တဲ့ မင်းသား Nicholas Galitzine

နာမည်ကြီးဟောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကနေပြီးသူဟာ ဂျင်းနီကိုအတော်ကြာ Crush နေကြောင်းအင်တာဗျုးမှာထုတ်ပြောခဲ့တာဖြစ်ပါတယ်။ မင်းသားဟာ သူ့ရဲ့ဇာတ်ကားအသစ်ဖြစ်တဲ့ Idea of Youth ဇာတ်ကားအတွက် အင်တာဗျုးဖြေချိန်မှာအခုလိုမျိုး BlackPink နှင့် Jennie ကိုသဘောကျကြောင်းထည့်ပြောခဲ့တာပါ။  ဒါ့အပြင် BTS အဖွဲ့ကိုပါပြောခဲ့ပြီးတော့ ဇာတ်လမ်းအတွက် BTS ဆီကနေ အများကြီးလေ့လာခဲ့ရတယ်လို့‌ပါပြောထားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=975,q=100/40/40ab66224a8427321033c239e5b336ad1c76dcd4.jpg

ဒါ့အပြင် မင်းသားဟာ သူ့ရဲ့ကိုယ်ပိုင် Twitter acc မှာတောင်မှ Jennie ကိုဘယ်လောက်သဘောကျကြောင်းစာတွေတင်ခဲ့ဖူးပါတယ်။ BlackPink Documentary ကိုကြည့်နေကြောင်းနှင့် ဂျင်းနီကိုသဘောကျကြောင်း Tweet တွေအများကြီးတင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ Tweet တွေကိုပြန်ဖျက်လိုက်ပေမဲ့ ပရိတ်သတ်တစ်ချို့ကအချိန်မှီ ပုံတွေအဖြစ်သိမ်းနိုင်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=646,q=100/16/160f3b93716d9266656e17845c55cf297e77ca25.webp

Nicholas Galitzine နှင့်ဂျင်းနီနှစ်ယောက်လုံးဟာ 2024 Met Gala ပွဲကိုတက်ရောက်လာကြတာကြောင့် နှစ်ယောက်သားဟာပွဲအတွင်းမှာတွေ့နိုင်ကြလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ Nicholas Galitzineဟာ Red White Royal Blue လို့ခေါ်တဲ့ BL Drama ကနေပြီးနာမည်ကြီးခဲ့တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=683,q=100/09/0964e64b8b3f7f79e7b63a1a0f5fbcb9f3cb1ea2.webp
Mary
Mery

Related Article

Copyright Mediaload
Powered by Bong I.T Bong I.T