တစ်သက်မှာ တစ်ခါသာ လုပ်ခွင့်ရတဲ့ မင်္ဂလာပွဲများကို ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပခွင့်ပြု

//s9.kh1.co/69/69c0137fdfb3ed235dda4e5649c172d5e6c1b162.jpg
အားကစားသတင်းများ

 ၀၆-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဘာစီလိုနာအသင်းကတော့ လတ်တလော သူတို့ပိုင် တဲ့ နူးကမ့်အားကစားကွင်းမှာ စုံတွဲတွေအတွက် မင်္ဂလာဆောင်ဖို့ ခွင့်ပြုထားလိုက်ပြီလို့ သိရပါတယ်။ မင်္ဂလာဆောင်ဖို့ နူးကမ့်အားကစားကွင်းကို ငှားရမ်းသူတွေအတွက် မတူညီတဲ့ ပက်ကေ့ခ်ျများ ရရှိနိုင်မှာဖြစ်ပါတယ်။ အသက်သာဆုံးစျေးနှုန်းက‌တော့ ယူရို  ၁၆၀၀ ကျသင့်မှာဖြစ်ပြီး လူဦး‌ရေ ၂၅ ကနေ ၅၀ အထိ  တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

စျေးအကြီးဆုံး ပက်ကေ့ခ်ျကတော့ ယူရို ၁၃၅၀၀ ဖြစ်ပြီး ဒါကတော့ လူပေါင်း ၃၀၀ ကနေ ၁၀၀၀ ကြားအထိ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ငှားရမ်းသူတွေအနေနဲ့ကတော့ မင်္ဂလာဆောင်တစ်ပွဲကို အချိန် ၆ နာရီသာ ရရှိမှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲအခမ်းအနားကို တက်ရောက်မယ့် ဧည့်သည်များကတော့ နာမည်ကြီး ကမ္ဘာ့ဘောလုံးကွင်းကြီးထဲမှာ အနီးအကပ်ဝင်ရောက် ခွင့် ရတာကတော့ ဒါဟာတစ်သက်မှာ တစ်ခါသာရခဲရတဲ့ အခွင့်အရေးတစ်ခုပါ။ ၂၀၁၅ ခုနှစ်တုန်းက စုံတွဲတစ်တွဲဟာ ခရီးသွားရင်း စေ့စပ်ပြီးနောက် ကမ့်နူးအားကစားကွင်းမှာ လက်ထပ်ခဲ့ကြပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

နောက်ထပ်အစီစဉ်များအနေနဲ့ကတော့ ဇွန်လ ၆ ရက်မှ ဇွန်လ ၁၁ ရက်အတွင်း ပရိသတ်များက နူးကမ့်ကွင်းမှာ တစ်ဦးလျှင် ယူရို ၃၀၀ ဖြင့် တစ်နာရီ ဝင်ရောက်ဆော့ကစားနိုင်တဲ့အပြင် သူငယ်ချင်းများနှင့် မိသားစုများကိုလည်း အခကြေးငွေ ယူရို ၃၀ ဖြင့် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းများအရ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့ဟာ ဇွန် ၃၀ ရက်မတိုင်မီ ဝင်ငွေ ယူရို သန်း ၅၀၀ (ပေါင် ၄၂၅ သန်း) အထက်ကို ထုတ်ပေးရမည်ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

Photo Credit - from google
Photo Credit - from google

သတင်း အရင်းအမြစ်Source - portbible.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T