ဒီနေ့စတင်ထွက်ရှိမှာဖြစ်တဲ့ The Boys Season 3

//s9.kh1.co/6f/6fc09376d4fb2b19c9163472c799e3c2b382e0e2.webp
ဖျော်ဖြေရေးများ

 ၀၃-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

နေ့လည် တစ်နာရီခွဲ Prime Video မှာစတင်ကြည့်ရှုနိုင်ပါပြီ

Comic တစ်ခုကိုအခြေခံထားပြီး Amazon ရဲ့ Prime Video ကလက်ရှိထုတ်လွှင့်နေတဲ့ The Boys ဇာတ်လမ်းတွဲကိုတော့ စူပါဟီးရိုးပရိသတ်ဆိုရင် မကြိုက်သူရှိမှာမဟုတ်ပါဘူး။

Season 3 Poster 
Season 3 Poster 

စူပါဟီးရိုးဇာတ်လမ်းကိုမှ တခြားဇာတ်လမ်းတွေနဲ့မတူပဲ သွေးသံရဲရဲ R-rated နဲ့ပြထားလို့ လူတွေကိုကယ်တင်တဲ့ စူပါဟီးရိုးတွေကို မြင်ရမှာမဟုတ်ပဲ နည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ စူပါဟီးရိုးတွေကိုပဲ မြင်ရမှာပါ။Season 1 နဲ့ 2 နှစ်ခုထွက်ရှိထားပြီး ဒီနေ့ ဂျွန်လ ၃ ရက်နေ့မှာ Season 3 စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Soldier Boy ရဲ့ Payback Poster
Soldier Boy ရဲ့ Payback Poster

Season 1 နဲ့ 2 ထဲကသရုပ်ဆောင်တွေအများကြီးနဲ့အတူ Super Natural မင်းသား Jesen Ackles ကလည်း Soldier Boy  အဖြစ်ပါဝင်လာမဲ့ Season 3 ဟာ အရင်နှစ်ခုထက်အများကြီးပိုကြမ်းလာမှာပါ။Trailer တွေကြည့်ရတာနဲ့တင် လုံးဝမထင်မှတ်ထားတဲ့ဇာတ်ကွက်တွေပါလာပြီး ကြည့်ရတာအရမ်းအားရစရာကောင်းနေမှာသေချာပါတယ်။Character Development တွေလည်း တော်တော်များများတွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။

Jesen Ackles ရဲ့ Soldier Boy (image via Prime Video)
Jesen Ackles ရဲ့ Soldier Boy (image via Prime Video)

Season 3 မှာစုစုပေါင်း Episode ရှစ်ခုပါဝင်မှာဖြစ်ပြီး Episode 1 ကနေ 3 ထိကို မြန်မာစံတော်ချိန် ဂျွန်လ ၃ ရက်နေ့ နေ့လည်တစ်နာရီခွဲမှာ စကြည့်နိုင်ပါပြီ။ကျန်တဲ့ Episode ၅ ခုကိုတော့ အပတ်စဥ်တစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဂျူလိုင်လ ၁ ရက်နေ့မှာ Episode တွေအားလုံးပြသပြီးစီးမှာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T