ကျည်ဆံတွေကြားမှာ ကလေးတွေကို ကာကွယ်ပေးခဲ့တဲ့ သူရဲကောင်းဆရာမရဲ့ ခင်ပွန်း ရင်ကွဲနာကျ ကွယ်လွန်

//s9.kh1.co/df/df0d0f83a729a0e759fbca7ba2cc19c9a5ff247c.jpg
နေ့စဉ်သတင်းများ

 ၂၇-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အထက်တန်းကျောင်းကတည်းက ချစ်လာခဲ့ကြတာတဲ့ .…

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာ အင်္ဂါနေ့က ဆယ်ကျော်သက်လက်နက်ကိုင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ ကလေး ၁၉ ယောက်နဲ့ လူကြီး ၂ ဦးဆုံးပါးသွားတယ်လို့ သိရပါတယ်။ ဆုံးပါးသွားတဲ့ လူကြီး ၂ ယောက်ကတော့ မူလတန်းကျောင်းက ဆရာမ နှစ်ယောက်ဖြစ်ပြီး ကလေးတွေကို ကာကွယ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : bbc.com
Photo Credit : bbc.com

Robb မူလတန်းကျောင်းမှာ 23 နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ဆရာမ Irma Garcia (အာမာဂါစီယာ) က သူရဲကောင်းဆန်ဆန် အသက်စွန့်ခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ ဆရာမရဲ့ခင်ပွန်းဖြစ်သူ Joe Garcia (ဂျိုးဂါစီယာ) ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီးသည် ကွယ်လွန်သွားလို့ ယူကျုံးမရ စိတ်နှလုံးထိခိုက်ခဲ့တဲ့ Joe Garcia (ဂျိုးဂါစီယာ) ဟာ ဇနီးသည်ရဲ့ အမှတ်တရအုတ်ဂူကိုသွားပြီး လွမ်းသူ့ပန်းခွေချပြီး အပြန်မှာပဲ ရင်ကွဲနာကျ သေဆုံးသွားခဲ့တာပါ။

Photo Credit : bbc.com
Photo Credit : bbc.com
Photo Credit : bbc.com
Photo Credit : bbc.com

အထက်တန်းကျောင်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံက လက်ရှိမှာ အိမ်ထောင်သက် ၂၄ နှစ် ရှိပြီဖြစ်ပြီး အသက် ၁၂ နှစ်ကနေ ၂၃ နှစ်ကြား အရွယ်ရှိတဲ့ သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဆရာမ အာမာဂါစီယာ ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရစ်သူမိသားစုအတွက် ရည်ရွယ်တည်ထောင်ခဲ့တဲ့ GoFundMe ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၁.၆ သန်းကျော် ရရှိထားပါတယ်။

Photo Credit : bbc.com
Photo Credit : bbc.com

ပစ်ခတ်မှုအပြီးမှာ ဆရာမ Irma Garcia (အာမာဂါစီယာ) က “သူမရဲ့ နောက်ဆုံး ထွက်သက် အထိ ကလေးငယ်တွေကို ပွေ့ဖက်ထားတာကို တွေ့ခဲ့တယ်” လို့ အရာရှိတွေက New York Times ကို  ပြောကြားခဲ့ပါတယ်။

Photo Credit : bbc.com
Photo Credit : bbc.com
Photo Credit : bbc.com
Photo Credit : bbc.com

Source : bbc.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T