ရှားပါး‌ေရာဂါတစ်မျိုးကြောင့် အမေဖြစ်သူကို ခြေထောက်ဖြတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကောင်လေး

//s9.kh1.co/b3/b30b1eea9776d7c6ec12ad1e82e311ea86007ae4.jpg
နေ့စဉ်သတင်းများ

 ၂၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဘယ်လိုရောဂါမို့ ခြေထောက်ကိုတောင် ဖြတ်ခိုင်းရတာလဲ....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ရှားရှားပါးပါး ကိုယ့်ကိုကို သတ်သေတဲ့ရောဂါကုိ ခံစားရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အမေကို ခြေထောက်ဖြတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Bolton မှ Dillon Wilford ဟာ ဒီရောဂါကို ယခုနှစ် ဇန်နဝါရီလတွင် Complex Regional Pain Syndrome (CRPS) ဖြင့် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူရဲ့အဲ့ဒီ‌ေရာဂါ အခြေအနေကတော့ ပျောက်မသွားတဲ့ နာကျင်ကိုက်ခဲမှုတွေနဲ့ ညတိုင်း 'အော်တယ်' လို့ ဆိုလိုပါတယ်။ 10 နှစ်သားလေးဟာ ယမန်နှစ်နိုဝင်ဘာလတွင် ထော့နဲ့ထော့နဲ့ အိပ်ရာက နိုးလာချိန်မှာ ပြဿနာတစ်ခုရှိနေတာကို ပထမဆုံးသတိပြုမိခဲ့ပေမယ့် မှန်ကန်တဲ့ရောဂါရှာဖွေဖို့ လနဲ့ချီကြာခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=806,q=100/5e/5e098b809bf84a0b4012aba322939920b16375a0.jpg

သူ့အမေ Melanie က "အဲဒါအတွက် လှုံ့ဆော်မှု မရှိဘူး။ အဲဒါက လုံးဝ ကြုံရာကျတယ်၊ တစ်မနက် အိပ်ရာက နိုးလာပြီး ထော့နဲ့ ထော့နဲ့ ဖြစ်နေတာ။ အဲဒီညက သူ တစ်ညလုံး ကြောက်လန့်တကြား အော်လိုက်တယ်။ နောက်နေ့ကျတော့ သူ့ကို A&E ဆီကို ခေါ်သွားပြီး‌ေတာ့ သူတို့‌ေတွက ဘာမှ အမှားအယွင်း မရှိဘူးလို့ ပြောကြတယ်။ ကျွန်မကို ဇာတ်လမ်းတစ်ခုလုံး ပြောပြဖို့ တောင်းဆိုတဲ့ တခြားဆရာဝန်တစ်ယောက်ကို တွေ့လိုက်ရတာက ကံကောင်းခြင်းတစ်ခုပဲ"

https://s9.kh1.co/__image/w=648,h=483,q=100/2a/2a4235e0654c8e4ac87985402fea3fc466688a31.jpeg

ဆက်လက်ပြီး သူမက “သတ်သေတဲ့ရောဂါလို့ ခေါ်တယ်။ အဲဒါက သူရဲ့ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်ပါတယ်။ ဆေးရုံတက်နေရလို့ ချိုင်းထောက်တွေတောင် သူမသုံးနိုင်တော့ဘူး။ ကျွန်မ သူခြေထောက်တွေပြန်မသုံးရတော့မှာကို စိုးရိမ်မိပါတယ်။ သူက ညတိုင်း အော်နေတယ်။ နိုးလာတဲ့အခါ ပထမဆုံးကြားရတဲ့ အသံက ငါ့သား အော်နေတာ။ သူက တစ်ချိန်လုံး အော်နေတာပါ။" Melanie က Dillon ကို သူထိလိုက်တာနဲ့ နာကျင်လွန်းလို့ ခြေထောက်ဖြတ်ပစ်ဖို့တောင် တောင်းဆိုခဲ့တယ်လို့ Melanie က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=848,q=100/23/23cf88d6be4936145abd4fe1d5addc12f87be38e.jpg

အသက် (၄၇) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးက “တစ်နေ့မှာ စတော်ဘယ်ရီသီး အစေ့သေးသေးလေးကို စားနေရင်း ပြုတ်ကျပြီး ခြေထောက်ကို ထိမိ‌ေတာ့ သူအော်တယ်။ ခြေထောက်မှာ ကြောင်မွေးတင်‌‌ေနမိရင်တောင် သူအော်ပါတယ်။ " ဒါ့ကြောင့်ပဲ ကလေးလေးက သူ့အမေကို ခြေထောက်ဖြတ်ပေးဖို့ တောင်းဆိုနေတာပါ။ သူမက "CRPS အတွက် လူသိများတဲ့ ကုသနည်းမရှိ‌ေပမယ့်လည်း လူများကို သက်သာရာရစေနိုင်တဲ့နည်း‌ေတာ့ ရှိပါတယ်။ သင့်တွင် CRPS ရရှိပြီးတာနှင့် သင်ဟာ ဒါကို တစ်သက်လုံး ရပြီဖြစ်ပါတယ်။" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ သို့သော် Single Mother ဖြစ်သူ သူမဟာ ယခုအခါ Dillon ကို အမေရိကန်ရှိ ဆေးခန်းတစ်ခုသို့ ကုသရန်အတွက် ပေါင် 100,000 စုဆောင်းရန် ကြိုးပမ်းနေပြီး အဲ့ဒီဆေးရုံးဟာ သူအရမ်းလိုအပ်နေတဲ့ အကူအညီကို သူရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

https://s9.kh1.co/__image/w=634,h=705,q=100/91/91f8451efdaf353bd66e6060b3f2b6d71f04f090.jpg
https://s9.kh1.co/__image/w=648,h=854,q=100/da/da274bd93050010804fac56508807c662306ae32.jpeg

သတင်း အရင်းအမြစ်Ladbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T