Tangmo ရဲ့ သေဆုံးမှုက သူမမန်နေဂျာ “Gratik ” ကြောင့်လို့ သံသယတွေရှိနေကြ

https://s9.kh1.co/e7/e73b11969cccfef9908bb0068818d3aa97b3dfbf.jpg
အနုပညာရှင်များ
 24-May-2022 1pm · a month ago

Tangmo မဆုံးခင် မနက်ကပဲ မန်နေဂျာ ကသစ်မ နဲ့ စကားများခဲ့ပြီး ညနေဘက်မှာ လှေတူတူသွားစီးဖို့ ခေါ်သွားတာတဲ့ ….

Tangmo လို့ လူသိများတဲ့ ထိုင်းမင်းသမီး Foto Mayat Tangmonida ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီးလူအများက စိတ်ဝင်စားအံ့ဩနေကြတာပဲ ဖြစ်ပါတယ်။ သူမသေဆုံးရတဲ့ အကြောင်းအရင်းနဲ့ ဒီအမှုရဲ့ တရားခံကို အားလုံးက သိချင်နေကြတာဖြစ်ပေမယ့် တရားခံမပေါ်ဘဲ အမှုကို ပိတ်သိမ်းလိုက်တာကြောင့် အားလုံးက မကျေမနပ် ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/79/798e4494b3cd7dc44965ba63c9362c6b10c8169c.png
Photo Credit : Google 
Photo Credit : Google 

အခုရက်ပိုင်းမှာလည်း Tangmo ရဲ့ Facebook Acc ကနေ သူမ မဆုံးခင်က ပုံတွေ၊ Video တွေ ပြန်တတ် လာတာကြောင့် ဘယ်သူသုံးနေတာလဲလို့ လူအများက စဉ်းစားပြီး မေးခွန်းတွေ ထုတ်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=240,q=100/a3/a33f82d8add5debea049166ca8ee3b7ccad3ad95.png

Tangmo ရဲ့ အမေကလည်း “Tangmo မဆုံးခင်နေ့က သူမနဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ မန်နေဂျာ ကသစ်နဲ့ စကားများခဲ့ကြပါသေးတယ်။ အကြောင်းအရင်းကတော့ ကသစ်က Tangmo ရဲ့ အလုပ်ကို သိပ်မရှာပေးတော့ Tangmo က မန်နေဂျာပြောင်းမယ်ပြောလို့ စိတ်ဆိုးပြီး Tangmo ရဲ့ အိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

ဆင်းသွားတဲ့နေ့မှာပဲ ညနေ လှေတူတူစီးမယ်လို့ ခေါ်သွားခဲ့ပါတယ်။ Tangmo ကလည်း သူငယ်ချင်းတွေနဲ့ လှေတူတူစီးဖို့ လိုက်သွားခဲ့ပါတယ်။ အရင်ကဆို အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေမို့ ကသစ်နဲ့ Tangmo စကားများတယ်ဆိုတာ သူမကိုယ်တိုင်ကတောင် မယုံခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Tangmo သေဆုံးမှုက သူမရဲ့ သူငယ်ချင်း မန်နေဂျာ Gratik နဲ့ သံသယမကင်းကြောင်း ပရိသတ်တွေကြားမှာ ပြောဆိုမှုတွေ ရှိပေမယ့်လည်း Tangmo ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အမှုမှန်ကတော့ လက်ရှိအချိန်ထိကို မသိရသေးပါဘူး။

Photo Credit : Google 
Photo Credit : Google 

Source : Thai Speaking 

Cherry Nwe Oo
CNO

ဆက်စပ်သတင်း