ဧရာဝတီတိုင်းဒေသကြီး ၊ ရွှေသောင်ယံ မြို့ ၊ ချောင်းသာကမ်းခြေအနီး ရှိ ဝက်သေ ကမ်းခြေမှာ သေဆုံးသူများရှိလာပြီး အလောင်း (၁၃)လောင်းအထိတွေ့ရှိလာခဲ့တယ်လို့ စေတနာရှင်ဘက်စုံပရဟိတလူငယ်အသင်း ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ သေဆုံးသူများမှာ ကမ်းခြေလာရောက်လည်ပတ်သူများ မဟုတ်တဲ့အပြင် ကမ်းခြေဒေသခံများ မဟုတ်ဘူးလို့လည်း ထပ်မံဖြည့်စွက်ပြောကြားချက်များအရသိရပါတယ်။
သေဆုံးသူများမှာ ထပ်မံရှိနေသေးတယ်လို့ သိရပြီး ထို သေဆုံးသူများရဲ့ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။