သေဆုံးသွားပြီဖြစ်တဲ့ Tangmo ရဲ့ Facebook အကောင့်ကနေ သူငယ်ချင်းတွေကို Message တွေလိုက်ပို့နေ

//s9.kh1.co/e0/e01dd7a510977985249461c7527a75c977a8b62e.jpg
အနုပညာရှင်များ

 ၂၃-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

“ Hi Hippo ….. ငါအခုထိ မသေသေး ….”

 ထိုင်းမင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ Tangmo Nida ကတော့ မတ်လ (၂၄) ရက်နေ့ကပဲ ကျောက်ဖုရားမြစ်ထဲကို ပြုတ်ကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးမှုက မတော်တဆမဟုတ်ဘဲ လုပ်ကြံမှုလို ပရိသတ်တွေက ယူဆနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တရားခံကို ရှာမတွေ့ဘဲ အမှုကို ပိတ်သိမ်း လိုက်တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။

Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc

အခုရက်ပိုင်းမှာတော့ Tangmo ရဲ့ Facebook အကောင့်က ပြန်ပြီး အသက်ဝင်လာပြီး မဆုံးခင်က ရိုက်ထားတဲ့ပုံလေးတွေ Video လေးတွေ တက်လာပါတယ်။ ဒါ့အပြင် သူမရဲ့ သူငယ်ချင်း အကောင့်တွေကိုလည်း စာတွေ လိုက်ပို့နေပါတယ်။ မနေ့ကလည်းTangmo ရဲ့ Facebook အကောင့်ကနေ သူ့သူငယ်ချင်း Hippo ကို ရုတ်တရက် နှုတ်ဆက်လိုက်တာကြောင့် သူမရဲ့ Facebook က သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်နေတယ်လို ထိုင်းပရိသတ်တွေက  သံသယရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc

Hippo ကို Tangmo ရဲ့ Official Account ကနေ “Hi Hippo, im not dead yet”.

OKAY WHAT IS HAPPENING NOW??? ဆိုပြီး Message ပို့ခဲ့တာ ဖြစ်ပါတယ်။ Tangmo ရဲ့ Facebook အကောင့်ကနေလည်း Hippo ကို ပို့ထားတဲ့ “ငါအခုထိ မသေသေးဘူး” ဆိုတဲ့ မက်ဆေ့ချ်ကို ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter 
Photo Credit : Twitter 
Photo Credit : Thai Drama Zone 
Photo Credit : Thai Drama Zone 

KomChadLuek.net နဲ့ TerasGorontalo.com တွေရဲ့ ဖော်ပြချက်အရ Tangmo ရဲ့ Facebook အကောင့်ကနေ Speed Boat ပေါ်မှာ ရပ်နေတဲ့ အုပ်စုလိုက်ပုံတွေကိုလည်း တင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc
Photo Credit : Happy Melon official's FB Acc

Source : Thai Drama Zone

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T