V နဲ့ Jennie တို့တူတူခရီးသွားနေတယ်လို့ထင်ရတဲ့ပုံများပြန့်နှံ့လာ

//s9.kh1.co/23/23f5108cebbf613343bd78cfd8b93aefefd8c469.jpg
အနုပညာရှင်များ

 ၂၃-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒီပုံတွေပြန့်လာပြီးနောက် နှစ်ယောက်သားတွဲနေကြတာလားလို့ ထင်ကြေးပေးခံနေရပါတယ်

K-pop လောကထဲမှာ ကြားကြားချင်းအံ့အားသင့်လောက်စရာ ကောလဟာလတစ်ခု လောလောဆယ်နာမည်ကြီးနေပါတယ်။အဲ့ဒါကတော့ BLACKPINK ရဲ့ Jennie နဲ့ BTS အဖွဲ့ရဲ့ V တို့နှစ်ယောက်သား ဒိတ်နေကြတယ်ဆိုတဲ့သတင်းပါ။ကားတစ်စီးထဲမှာ သူတို့နှစ်ဦးတူတူရှိနေကြတဲ့ပုံတစ်ပုံ တောင်ကိုရီးယား Social Media ပေါ်မှာပြန့်နှံ့လာပြီးနောက် နှစ်ယောက်သားတွဲနေကြတာလားဆိုပြီး Netizen တွေကငြင်းခုန်နေကြတာဖြစ်ပါတယ်။

လက်ရှိအင်တာနက်ပေါ်မှာပြန့်နေတဲ့ပုံ
လက်ရှိအင်တာနက်ပေါ်မှာပြန့်နေတဲ့ပုံ

မေလ ၂၂ ရက်နေ့က Jennie နဲ့ G-Dragon တို့တွဲခဲ့၊ပြတ်ခဲ့ကြတယ်ဆိုတဲ့သတင်းထွက်အပြီးမှာ ဒီကောလဟာလပါထပ်ပြန့်လာတာပါ။ပုံတွေထဲကအတိုင်းဆိုရင် နှစ်ယောက်သားဟာ ဂျယ်ဂျူကျွန်းကို တူတူသွားနေကြတာလို့ ခန့်မှန်းထားကြပါတယ်။

ခုပြန့်နေတဲ့ပုံဟာ J-hope နဲ့ V တို့ရဲ့ပုံကို edit လုပ်ထားတာလို့ ပြောသူတွေလည်းရှိပြီး တချို့ကလည်း ပုံထဲမှာ Jennie တပ်ထားတဲ့မျက်မှန်ဟာ သူမပိုင်တဲ့မျက်မှန်ဖြစ်ပြီး မျက်မှန်ထဲကအရိပ်တွေကို Edit လုပ်ဖို့မလွယ်ကြောင်း၊V ရဲ့အပြင်အဆင်ကလည်း J-hope နဲ့ပုံထဲကလိုမတူတာကြောင့် အစစ်ဖြစ်ဖို့များကြောင်း ငြင်းခုန်နေကြတာဖြစ်ပါတယ်။နှစ်ယောက်စလုံးရဲ့ Instagram Handle တွေကအစတူနေတယ်ဆိုပြီးထောက်ပြတာတွေတောင်ရှိနေကြတာပါ။

Jennie ရဲ့မျက်မှန်
Jennie ရဲ့မျက်မှန်
ပုံနှစ်ပုံကိုယှဥ်ပြထားပါတယ် 
ပုံနှစ်ပုံကိုယှဥ်ပြထားပါတယ် 

ပုံတွေပြန့်နှံပြီးကတည်းက တောင်ကိုရီးယားမီဒီယာတွေက YG Entertainment ကိုရော၊BigHit Entertainment ကိုရောဆက်သွယ်ကြပေမဲ့ နှစ်ခုစလုံးကဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှဖြေကြားထားခြင်းမရှိဘူးလို့ Allkpop ဝက်ဆိုဒ်ကဖော်ပြထားပါတယ်။ခုချိန်ထိဆက်လက်ငြင်းခုန်နေကြဆဲအခြေအနေမှာရှိနေပြီး ဘယ်ဖက်ကမှ တစ်ခုခုတရားဝင်ထုတ်ပြောတာမျိုးမရှိသေးပါဘူး။

Instagram Handle လည်းဒီလိုဆင်တူနေပါတယ်
Instagram Handle လည်းဒီလိုဆင်တူနေပါတယ်
Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T