သူများမင်္ဂလာပွဲတွေပဲ တက်နေတာကြောင့် သူ့အလှည့်ရောဘယ်တော့လဲလို့ မေးလိုက်တဲ့မေးခွန်းကို ပြန်ဖြေလိုက်တဲ့ X Box

//s9.kh1.co/e6/e6b21e060db5462995cd3a6ea65edbf7e0b842aa.jpg
အနုပညာရှင်များ

 ၂၃-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အဲ့လိုတွေ မူနေတာနဲ့ပဲ ...တဖြည်းဖြည်း လူပျိုသိုးကြီး ဖြစ်တော့မယ် ...

ဂီတအနုပညာလမ်းပေါ်မှာ အောင်မြင်နေတဲ့ အဆိုတော် X-Box ကတော့ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုတာကြောင့် နာမည်ကြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ အသားဖြူဖြူနဲ့ ချောမောလှပတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး Fanတွေရဲ့ အသည်းစွဲဖြစ်သလို အသည်းကွဲသီချင်းတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေသည်ထိကို အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc

X-Box ကတော့ သီချင်းများစွာကို ထွက်ရှိထားတာဖြစ်ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတာ ဖြစ်ပါတယ်။ X-Box က 4 reunion အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူတို့ 4:Four အဖွဲ့မှာ X box အပါအဝင် ကျန်သုံးယောက်ကတော့ Shwe Htoo၊ Lil’Z နဲ့ Htet Yan တို့ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ထဲမှာ Shwe Htoo နဲ့ ထက်ယံတို့က အိမ်ထောင်ကျသွားပြီဖြစ်တာကြောင့် Lil’Z နဲ့ သူနဲ့ပဲ လူပျိုကြီးတွေ အဖြစ်ကျန်ရစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc

X-Box က သူများမင်္ဂလာပွဲတွေပဲ တက်နေပြီး သတို့သားအရံတွေပဲ လုပ်နေတာကြောင့် သူ့အလှည့်ရောဘယ်တော့လဲလို့ လူတိုင်းက သိချင်နေကြတာဖြစ်ပါတယ်။ X-Box ကတော့ သတို့သားအရံလုပ်ထားတဲ့ ပုံလေးတွေနဲ့ အတူ

" What about my turn ?

I d o n 't k n o w " ဆိုပြီး ပြန်လည်ဖြေထားတာပဲ ဖြစ်ပါတယ်။ X-Box တစ်ယောက် ကတော့ ဒီလိုမူနေရင်းနဲ့ပဲ လူပျိုသိုးကြီး ဖြစ်တော့မယ်။

Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc
Photo Credit : X-BOXIN's FB Acc

Source: X-BOXIN's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T