မြောက်ကိုရီးယားကို Covid ကာကွယ်ဆေးလှူပေးမယ်လို့ အမေရိကန်ကကမ်းလှမ်း

//s9.kh1.co/9e/9ebf3e8f1e8e5e6137b9db2c154450d7c402f876.jpg
နေ့စဉ်သတင်းများ

 ၂၂-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မြောက်ကိုရီးယားဟာ လောလောဆယ် Covid ဒဏ်ကိုအလူးအလဲခံနေရတာပါ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ လောလောဆယ် Covid-19 ရောဂါနဲ့အထိနာနေတဲ့ မြောက်ကိုရီးယားနိုင်ငံကို ‌ကာကွယ်ဆေးတွေပေးပို့မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။လတ်တလောမြောက်ကိုရီးယားနဲ့ နျူကလီးယားဒုံးကျည်တွေကိစ္စ တင်းမာမှုတွေရှိနေတဲ့ကြားထဲက ဒီလိုကမ်းလှမ်းပေးခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ခြင်းဖြစ်
သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ခြင်းဖြစ်

"ကာကွယ်ဆေးတွေပေးပို့ဖို့ မြောက်ကိုရီးယားကိုတင်မက တရုတ်ကိုပါကမ်းလှမ်းခဲ့ပြီး ချက်ချင်းပို့ပေးဖို့လည်းပြင်ဆင်ထားပေမဲ့ နှစ်နိုင်ငံလုံးက ပြန်မတုံ့ပြန်ခဲ့ပါဘူး"လို့တောင်ကိုရီးယားသမ္မတနဲ့အတူတူတက်တဲ့ ဆိုးလ်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။

အမေရိကန်-တောင်ကိုရီးယားခေါင်းဆောင်များတွေ့ဆုံစဉ်
အမေရိကန်-တောင်ကိုရီးယားခေါင်းဆောင်များတွေ့ဆုံစဉ်

ကပ်ရောဂါစဖြစ်ကတည်းက မြောက်ကိုရီးယားဟာ နိုင်ငံတွင်းအခြေအနေတွေကို ဘာမှမထုတ်ပြန်ခဲ့ပေမဲ့ မေလဒုတိယပတ်လောက်ကစပြီး နိုင်ငံတွင်းမှာ Covid-19 ဟာဆိုးဆိုးရွားရွားပြန့်နှံ့နေတာဖြစ်ပါတယ်။

ကပ်ရောဂါကြားကမြောက်ကိုရီးယားနိုင်ငံသားများ
ကပ်ရောဂါကြားကမြောက်ကိုရီးယားနိုင်ငံသားများ

ဆေးဝါးမလုံလောက်မှု၊အရည်အသွေးညံ့ဖျင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကြောင့် နိုင်ငံတွင်းမှာရောဂါကူးစက်ခံထားရသူပေါင်း သိန်းနဲ့သန်းနဲ့ချီနေပါပြီ။နိုင်ငံပိုင်မီဒီယာတွေ‌ကနေ ကင်ဂျုံအန်တစ်ယောက် ဆေးဆိုင်တွေထိပါလိုက်လံစစ်ဆေးနေတာတွေကိုလည်း ထုတ်လွှင့်ပြသခဲ့ကာ Covid-19 ကပ်ရောဂါကိုဆေးမြှီးတိုနဲ့ကုသဖို့ ကြံစည်နေတာဖြစ်ပါတယ်။

ဆေးဆိုင်တွေကိုလိုက်စစ်ဆေးနေတဲ့ကင်ဂျုံအန်
ဆေးဆိုင်တွေကိုလိုက်စစ်ဆေးနေတဲ့ကင်ဂျုံအန်

တစ်ဖက်မှာလည်း တောင်ကိုရီးယားကို မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည်ခြိမ်းခြောက်မှုရန်ရှိနေပါတယ်။ဂျိုးဘိုင်ဒန်ဟာ အသစ်တက်လာတာမကြာသေးတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယိုနဲ့ ဒီပလိုမက်တစ်သဘောတူညီချက်ဆိုင်ရာတွေကို ဆွေးနွေးဖို့တောင်ကိုရီးယားကိုရောက်‌နေတာပါ။အခြေအနေဒီထက်ပိုဆိုးလို့ လိုအပ်လာရင် တောင်ကိုရီးယားကို ‌နျူကလီးယားလက်နက်တွေဆင်ပေးမယ်လို့ထုတ်ပြောတဲ့ထိကို အခြေအနေတင်းမာနေတာပါ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T