ရွှေသုဝဏ်ဆရာတော်ဘုရားကြီး လို့ လူသိများတဲ့ နိုင်ငံတော်သြဝါဒစရိယ ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ D.Litt (Doctor of Literature) ဟာ ယနေ့ နံနက်(၁) နာရီ (၄၀)မိနစ် အချိန်မှာ ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ရွှေသုဝဏ်ဆရာတော်ဘုရားကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် (၈၄)နှစ်ရှိပြီဖြစ်ပြီး အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင်၅၀၀)၌
ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံ ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေသုဝဏ်ဆရာတော်ကြီးရဲ့ ရုပ်ခန္ဓာကို မေလ (၂၈)ရက်နေ့အထိ ရွှေသုဝဏ်ကျောင်းတိုက်၊ ကြီးပွါးရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် မှာ အပူဇော်ခံယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။