နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ကတော့ သူမချစ်ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် အိမ့်ချစ်တို့ဇနီးမောင်နှံက သူမတို့ရဲ့ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့်အိမ့်ချစ်က မကြာခင်မှာပဲ လူ့လောကထဲကို ရောက်ရှိလာတော့မယ့် ရင်သွေးလေးအတွက် ရင်ခုန်ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။
အိမ့်ချစ်ရဲ့ခင်ပွန်းကလည်း ကိုယ်ဝန်လွယ်ထားရတဲ့ဇနီးသည်ကို ဘေးကနေ အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိမ့်ချစ်က ကိုယ်ဝန်ရင့်လာပြီဖြစ်လို့ အရင်ကထက်ဂရုစိုက်ပြီး ပျော်ရွှင်အောင် နေထိုင်နေတာ ဖြစ်ပါတယ် ။
အခုလည်း မမဗိုက်တစ်ယောက် ရေကန်လေးမှာ ရေစိမ်နေတဲ့ ကြည်နူးစရာကောင်းတဲ့ Video လေးကို " i love you baby" ဆိုပြီး သူမရဲ့Instagram မှာ တင်ထားတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ကလေးမေမေဖြစ်တော့မယ့် မေမေအိမ့်ချစ်လေးရဲ့ video လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Source: Eint Chit's IG Acc