Binjin တို့ စုံတွဲ ရဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ အိမ်ကြီး

//s9.kh1.co/44/441d0ff906730addb8bc90630eb87196ed5b2410.jpeg
အနုပညာရှင်များ

 ၂၀-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

Binjin တို့ စုံတွဲ ရဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ အိမ်ကြီး

တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင် စုံတွဲလေး ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲလေး က သူတို့လက်ထပ်ပြီးရင် နေထိုင်ဖို့ အိမ်လေးကို ၂၀၂၁ ခုနှစ်ကတည်းက ဝယ် ယူခဲ့တာ ဖြစ်ပါတယ်။ 

Google
Google
Mnet
Mnet

ဒီအကြောင်းအရာလေးကို မေလ ၁၈ ရက်နေ့က Mnet ရဲ့ TMI News Show မှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။ နေထိုင်စရာ အိမ်ကို စျေးအကြီးဆုံးပေးပြီး ဝယ်ယူခဲ့တဲ့ တောင်ကိုရီးယား အနုပညာရှင်စာရင်းထဲမှာ Hyun Bin က နံပါတ် ၁၁ ချိတ်ပါတယ်။ စစ်တမ်းတွေအရ Hyun Bin ရဲ့ ကြွယ်ဝ ချမ်းသာမှုက Son Ye Jin နဲ့ လက်ထပ်ပြီးတဲ့ နောက်မှာ ပိုပြီး တိုးတတ်လာတယ်လို့ သိရပါတယ်။

Google
Google

အစီအစဉ်တင်ဆက်သူရဲ့ အဆိုအရ Hyun Bin က မထင်မှတ်ထားတာတွေ အများကြီး ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ အစီအစဉ်ထဲမှာ Hyun Bin က ၂၀၀၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၁၄ တန်ဖိုးရှိတဲ့ ဇိမ်ခံ အဆောက်အဦကြီး တစ်ခု ၊ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃.၁၆ သန်းရှိတဲ့ အိမ်ကြီးတစ်အိမ်နဲ့ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၀၃ သန်းရှိတဲ့ အိမ်ကြီးတစ်အိမ်ကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Mnet
Mnet

Binjin  တို့ စုံတွဲနှစ်ဦးက ၂၀၂၁ ခုနှစ်မှာ သရုပ်ဆောင် Han So Hee ဝယ်ယူခဲ့တဲ့ အိမ်နားမှာပဲ ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးကို ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

Mnet
Mnet
https://s9.kh1.co/__image/w=650,h=369,q=100/4b/4b297bd36ce01191da442815e28e695685efe5a2.jpeg

အဆောက်အဦးကြီးမှာ အလွှာ ၄ လွှာရှိပြီး တိုက်ခန်းဆောင် ၇ ခုရှိပါတယ်။ အဆောက်အဦကြီးမှာ ကမ္ဘာ့နာမည်ကျော် Mondrian ရဲ့ ပန်းချီလက်ရာတွေကို အသုံးပြုထားပါတယ်။ အပေါ်ဆုံးထပ်မှာ ဥယျာဉ်လေးရှိပြီး လျို့ဝှက်လှေကားလေးလည်း ရှိပါတယ်။ ဒါ့အပြင် ဝိုင်တွေလည်း စိတ်ကြိုက်သောက်လို့ ရတယ်လို့ သိရပါတယ်။ 

Mnet
Mnet
Mnet
Mnet

တောင်ကိုရီးယား အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့က ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တွဲနေတယ်လို့ ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှာ လက်ထက်ခဲ့တာ ဖြစ်ပါတယ်။ Binjin တို့ လင်မယားနေထိုင်တဲ့ အိမ်ကလေးကို ဗဟုသုတ ရဖွယ်တင်ဆက်ပေးလိုက်ပါတယ်။ 

Source - Koreaboo 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T