ဟင်းအိုးပူပူထဲကနေ ခုန်ထွက်လာတဲ့ ခေါင်းပြတ် ဖားတစ်ကောင်

//s9.kh1.co/2d/2d323cfc2545416a898878795a4c08b7f1a76035.jpg
နေ့စဉ်သတင်းများ

 ၁၆-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဒီဖားဟာ ခေါင်းပြတ်နေတာတောင် ခုန်ပေါက်နေခဲ့ပြီး........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ထမင်းစားပွဲပေါ်က ငရုပ်သီးဆီအိုးမှ ခုန်ထွက်လာတဲ့ ဦးခေါင်းမရှိ "ဖုတ်ကောင်" ဖားတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါတွင် ထမင်းစားသူတစ်ဦး လန့်ဖြန့်ပြီး ဖျားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အစပ်အဟပ်မရှိတဲ့ မြင်ကွင်းကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=489,q=100/61/614948be7df6a6ababc7f2df74cd369fcdeec103.jpg

ထမင်းစားသူဟာ ဒေသဟင်းလျာဖြစ်တဲ့ ငရုပ်သီးဆီနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားတဲ့ ဖားများကို မှာယူခဲ့ပါတယ်။ Douyin တွင် သူတင်ထားတဲ့ ဗီဒီယိုတစ်ခုတွင် ဦးခေါင်းမပါတဲ့ ဖားတစ်ကောင်ဟာ လှုပ်ယမ်းနေပြီး ခြေထောက်ကို အကြိမ်ပေါင်းများစွာ လှုပ်ရှားနေသည်ကို မြင်တွေ့ရပါတယ်။ ကြည့်ရှုသူများ အံ့ဩထိတ်လန့်ကာ ရွံရှာခဲ့ကြပြီး အချို့က သူတို့ဟာ တစ်သက်လုံး သတ်သတ်လွတ်စားရန်ပဲ စဉ်းစားနိုင်တော့မယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=1090,q=100/0a/0a108e62191e9d18e6026804fcb037793123e5f8.jpg
https://s9.kh1.co/__image/w=615,h=1087,q=100/bf/bffbe86d72731f60d92c9fcb02088e0773eeef90.jpg

တစ်ယောက်က "အဲဒါ ဖုတ်ကောင်ဖား၊ အရမ်းကြောက်စရာကောင်းတယ်။ ဒါကိုကြည့်ပြီးရင် ငါဘာမှမစားချင်တော့ဘူး" အခြားတစ်ယောက်က " သူရဲ့နာကျင်မှုကို မင်းခံစားရလုနီးပါးပါပဲ၊ ဒါက ငါ့အတွက် အရမ်းလွန်လွန်းတယ်" လို့ရေးခဲ့ပါတယ်။ တိရစ္ဆာန်များဟာ တစ်ခါတစ်ရံ သေဆုံးပြီးတာတောင် သူတို့ရဲ့ အာရုံကြော် စနစ်ကြောင့် လှုပ်ရှားနိုင်နေတုန်းပါပဲ။ ဒီဖားဟာလည်း အလားတူဖြစ်ရပ်မျိုး‌ကြောင့် ခေါင်းဖြတ်ခံရပြီးတာတောင် လှုပ်ရှာနိုင်ခဲ့ပါသေးတယ်။ သိပ္ပံပညာအရ ကိုက်တံတစ်ကောင်ဟာ သူ့ရဲ့ ဦးနှောက်အတုံးအခဲမရှိဘဲ အသက်ရှင်နေထိုင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/25/2570def600bbfa1cb6c9e70e225c1599421670d6.jpg

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T