ရုရှားမှာပူတင်ကိုဖြုတ်ချမဲ့ အာဏာသိမ်းမှုတစ်ခု ပေါ်လာတော့မယ်လို့သတင်းထွက်

//s9.kh1.co/87/871eac325b3a9a99cbb430644326ffec58caa29f.avif
နေ့စဉ်သတင်းများ

 ၁၆-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

အဲ့ဒီအာဏာသိမ်းမှုကို ပူတင်အနေနဲ့ မတားဆီးနိုင်လောက်ပါဘူးတဲ့

လက်ရှိချိန်မှာ ကင်ဆာရောဂါခံစားနေရတယ်လို့သတင်းထွက်နတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖြုတ်ချပစ်တော့မဲ့ အာဏာသိမ်းမှုတစ်ခုပေါ်လာဖို့ရှိကြောင်း ယူကရိန်းစုံစမ်းစစ်ဆေးရေးခေါင်းဆောင်တစ်ဦးကပြောလာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7d/7d25babe495b8c8719dcc216ba009084cbbdfbe5.png

လက်ရှိဖြစ်နေတဲ့ဖြစ်ရပ်တွေဟာ လာမဲ့နွေဦးလောက်ကျရင် အပြောင်းအလဲကြီးကြီးတစ်ခုစီရောက်သွားမှာဖြစ်ကြောင်း၊အဲ့အချိန်ရောက်ရင် ပူတင်ကိုလည်း သူ့ရာထူးနေရာမှာ မမြင်ရလောက်တော့ကြောင်း၊လက်ရှိဖြစ်နေတဲ့ ယူကရိန်းနဲ့တိုက်ပွဲတွေကလည်း ဒီနှစ်ကုန်လောက်ဆိုပြီးနိုင်ကြောင်း၊ရုရှားပြည်ထောင်စုအတွက် ခေါင်းဆောင်ပိုင်းအပြောင်းအလဲ အကြီးကြီးဖြစ်လာနိုင်ကြောင်းပြောခဲ့တာပါ။

ယူကရိန်းစစ်ပွဲအတွင်းပျက်စီးနေတဲ့ ရုရှားတင့်ကားတစ်စီး (image via EPA)
ယူကရိန်းစစ်ပွဲအတွင်းပျက်စီးနေတဲ့ ရုရှားတင့်ကားတစ်စီး (image via EPA)

အမည်မသိရတဲ့ ရုရှားအစိုးရအဖွဲ့ဝင်တစ်ယောက်ကလည်း ပူတင်ဟာသွေးကင်ဆာအသည်းအသန်ဖြစ်နေတယ်လို့ ပြောထားပါတယ်။မကြာခင်ကထွက်ထားတဲ့ Video တချို့မှာလည်း ပူတင်ဟာထိန်းမနိုင်သိမ်းမရဖြစ်လောက်တဲ့ထိ လက်တွေတုန်နေတာတွေ့ရပါတယ်။

လက်တုန်နေတဲ့ Video 

သူ့ရဲ့ကျန်းမာရေးပြဿနာတွေကို အစိုးရအဖွဲ့ဝင်တစ်ယောက်က ပြောပြနေတဲ့ အသံဖိုင်တစ်ခုပေါက်ကြားလာတာကနေ ဒီကိစ္စတွေကိုသိရတာပါ။အဲ့လူနာမည်ကိုတော့ ယူရီလို့ပဲသိရပြီး New Lines မဂ္ဂဇင်းက ဘယ်သူဘယ်ဝါဆိုတာသိပေမဲ့ ထုတ်ပြောမှာတော့မဟုတ်ပါဘူးတဲ့။ပူတင်ဟာ သွေးကင်ဆာကို အသည်းအသန်ခံစားနေရယုံသာမက ခါးနာတဲ့ဝေဒနာကိုလည်း ခုစားနေရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ခွဲစိတ်မှုခံယူထားရသေးတယ်လို့လည်းသိရပါတယ်။

ဒီတစ်ခုထဲမှာလည်းလက်အရမ်းတုန်နေလို့ စားပွဲကိုကိုင်ထားတာတွေ့ရပါတယ် (image via Kremlin)
ဒီတစ်ခုထဲမှာလည်းလက်အရမ်းတုန်နေလို့ စားပွဲကိုကိုင်ထားတာတွေ့ရပါတယ် (image via Kremlin)

ရုရှားနိုင်ငံဟာ ပူတင်ရဲ့အမိန်နဲ့ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာသတင်ကျူးကျော်ခဲ့ပြီးကတည်းက ရုရှားစစ်သည်ပေါင်းအများအပြားကို ဆုံးရှုံးခဲ့ပါတယ်။ရုရှားပြည်သူအမြောက်အမြားကလည် ဒီလိုမျိုးစတင်ကျူးကျော်တာကို မကြိုက်ကြပါဘူး။ဒီသတင်းထွက်ပြီးနောက်ပိုင်း ပူတင်ကဘယ်လိုမျိုးတွေ တုံ့ပြန်သလဲဆိုတာကိုတော့ ခုထိမသိရသေးပါဘူး။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T