အင်ဒိုနီးရှား YouTuber ကတောင် Reaction Video လုပ်ခံသည်ထိ နာမည်ကြီး သွားခဲ့တဲ့ Project K အဖွဲဝင် William ရဲ့သီချင်း

//s9.kh1.co/e6/e62b1dec6947a3dbe05d0dbde6396341c44e5146.jpg
နေ့စဉ်သတင်းများ

 ၁၃-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ဂုဏ်ယူမဆုံးဖြစ်ရပါတယ် ဝီလျှံလေးရေ....

ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ရာမှ လူသိများလာခဲ့တဲ့ Project K အဖွဲ့ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/ea/eaf208436b24e32af0d38315df7f8fd264a50ae0.png
https://s9.kh1.co/__image/w=600,h=811,q=100/cc/cc6bf040e9a1e9b3d0fe0c1acdf3ddd879e0b069.png

အဖွဲ့ဝင် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ထဲမှာမှ မိန်းကလေးပရိသတ်တွေကို တစ်ထောင့်တစ်နေရာကနေ ဖမ်းစားနိုင်တဲ့သူကတော့ Dancer ဝီလျှံထွန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/fd/fd5e90ac2110324cebb18fd934fda9075fa5d20f.png
https://s9.kh1.co/__image/w=650,h=911,q=100/f7/f7da3dcde1adffea4bd92019ad8d942f2a5a44e1.png

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဝီလျှံထွန်းက “ENHYPEN – Polaroid Love” (English Cover) ကို ပြန်လည်သီဆိုခဲ့တာဖြစ်ပြီး တော်တော်လေးကို အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သီချင်းလေးက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့အပြင် အင်ဒိုနီးရှားကနာမည်ကြီး Youtuber တစ်ယောက်ကတောင် Reaction Vedio လုပ်ရတဲ့ အထိကို အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=818,q=100/53/53cafb3d752cfd92c242931e54f11ba6852aeb56.png
https://s9.kh1.co/__image/w=650,h=351,q=100/cd/cded111a3befcba2fc2ed97b083af43504ef52bd.jpg

ဝီလျှံထွန်းရဲ့ အောင်မြင်မှုကို ဝီလျှံထွန်းရဲ့ ပရိသတ်တွေကလည် ဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြပါသေးတယ်။ ပရိသတ်တွေအတွက် အင်ဒိုနီးရှားကနာမည်ကြီး Youtuberက လုပ်ထားတဲ့ Reaction Vedioလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/c8/c87a011649264a0d08e249cfc282e900797f09e0.png

Photo Credit & Source : William's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T