ဗန်ဒီဇယ်နဲ့ပြဿနာတက်လို့ Fast X ကိုဆက်မရိုက်တော့တဲ့ ဒါရိုက်တာ

//s9.kh1.co/41/416148bb0e90e98b649a8a75f70bbe8b4f97a15b.jpg
ဖျော်ဖြေရေးများ

 ၀၃-မေ-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ဂျက်စတင်လင်းဟာ ဒါရိုက်တာအဖြစ်ကနေနှုတ်ထွက်သွားတာဖြစ်ပါတယ်

Fast & Furious ရုပ်ရှင်တွဲထဲက ၁၀ ကားမြောက်ကို ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ ဂျက်စတင်လင်းဟာ အဲ့ဒီရုပ်ရှင်ရဲ့ဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။Fast X လို့လည်းအမည်ရတဲ့ ရုပ်ရှင်ဟာ Fast & Furious ရုပ်ရှင်တွဲကြီးကို အဆုံးသတ်ဖို့အစပြုမှာပါ။ဒီရုပ်ရှင်တွဲကြီးဟာ ၁၁ ကားမြောက်နဲ့အဆုံးသတ်တော့မှာကြောင့်ဖြစ်ပါတယ်။

ဂျက်စတင်လင်း
ဂျက်စတင်လင်း

၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ပြသမယ်လို့ ရက်ထုတ်ပြန်ထားတဲ့ Fast X ကို ၂၀၂၂ ဧပြီ ၂၀ ရက်နေ့မှာစတင်ရိုက်ကူးခဲ့ပါတယ်။ခြောက်ရက်အကြာမှာတော့ ဖန်တီးရေးပိုင်းကပြဿနာတွေ၊ဗန်ဒီဇယ်နဲ့အဆင်မပြေမှုတွေ၊ဇာတ်ညွှန်းပိုင်းကို ခဏခဏပြင်ဆင်နေချင်တာတွေကြောင့် သူဟာဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်လိုက်တာလို့သိရပါတယ်။ဒါပေမဲ့ထုတ်လုပ်သူအဖြစ်နဲ့တော့ ဆက်ရှိနေဦးမှာပါ။ဒါကြောင့် ဒါရိုက်တာအသစ်တစ်ဦးကို အသည်းအသန်ရှာခဲ့ရပြီးနောက် The Incredible Hulk ကိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ လူးဝစ်လက်တေးရီးယားကို တစ်ပတ်အတွင်း အမြန်ခန့်အပ်ခဲ့ပါတယ်။

လူးဝစ်လက်‌တေးရီးယား
လူးဝစ်လက်‌တေးရီးယား

သရုပ်ဆောင်လည်းဖြစ်၊ထုတ်လုပ်သူလည်းဖြစ်တဲ့ ဗန်ဒီဇယ်နဲ့ ရုပ်ရှင်အပေါ်သဘောထားချင်းမတိုက်ဆိုင်မှုတွေရှိတာကြောင့် လင်းကနှုတ်ထွက်သွားခဲ့တာပါ။“ဒီရုပ်ရှင်က ငါ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ရင်းရလောက်အောင်မတန်သေးဘူး”လို့လည်းပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/6f/6f7392d44ce2a5641c0b69c87f6ae28fb60a4cb2.jpg

အရင် F&F ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာတွေကို ပြန်ဆက်သွယ်တဲ့အခါမှာလည်း အားလုံးနီးပါးက တခြားပရောဂျက်တွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။လင်းထွက်သွားပြီး ၉ ရက်အကြာမှ လက်တေးရီးယားကို ရရှိခဲ့တာပါ။ဒါရိုက်တာရှာနေရင်းတစ်နေ့ကို ကန်ဒေါ်လာတစ်သန်းလောက် ကုန်ကျခဲ့တဲ့အတွက် Universal Pictures ဟာဒီ ၉ ရက်အတွင်း ဒေါ်လာကိုးသန်းလောက်ကုန်ကျခဲ့တယ်လို့ Screenrant ဝက်ဆိုဒ်ကဖော်ပြထားပါတယ်။

လင်းမထွက်ခင်တစ်ရက်အလိုကမှ ဗန်ဒီဇယ်က လသူနဲ့တွဲရိုက်ထားတဲ့ Behind the scene Video တစ်ပုဒ်ကိုတင်ထားခဲ့ပါသေးတယ်။အဲ့ Video ထဲမှာ‌ လင်းတစ်ယောက် မသက်မသာနဲ့ဖြစ်နေပုံကိုလည်းမြင်ရမှာပါ။ဒါရိုက်တာအပြောင်းအလဲဖြစ်သွားပေမဲ့ အချိန်တိုတာကြောင့် ရုပ်ရှင်ဟာထုတ်ပြန်ထားတဲ့အချိန်မှီပဲ ထွက်လာမယ်လို့ထင်ရပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T