စိတ်ညစ်တာကို လျော့နည်းစေမယ့် အားကစားနည်း (၄) နည်း

//s9.kh1.co/48/485a6618d8af2a98439f94a094798eafd5a774f8.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ပြီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

စိတ်ညစ်တာကို လျော့နည်းစေမယ့် အားကစားနည်း (၄) နည်း


လောကကြီးမှာရှိတဲ့သူတွေနဲ့ ဆက်ဆံရတာ အချိန်ကြာနဲ့အခါမှာ သိပ်ပြီးတော့ အဆင်ပြေစရာတွေပဲတော့ မတွေ့နိုင်ပါဘူး။ ဒီလိုမျိုး အဆင်မပြေတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ညစ်တာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။  ဒီစိတ်ညစ်စရာမွန်းကြပ်မှုတွေကို ပြေလျော့ဖို အားကစားတစ်ခုခုလုပ်မယ်ဆို စဉ်းစားနေတဲ့သူတွေအတွက် ဒီနေ့ပြောပြပေးမှာက စိတ်ညစ်မှုတွေကို ပြေလျော့ပြီး စိတ်လက်ပေါ့ပါးစေမယ့် အားကစားနည်းတွေဖြစ်ပါတယ်။ 

ရေကူးခြင်း

https://s9.kh1.co/__image/w=650,h=434,q=100/a5/a5edd915943c80c2a37db2b80e41dda66a3eefb0.jpg

ရေကူးခြင်းက စိတ်ညစ်မှုတွေကိုလျော့ကျစေတဲ့ ကစားနည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းဟာ ခန္ဓာကိုယ်က အကျောအချဉ်တွေကို ပြေလျော့စေတာကြောင့် စိတ်ဖိစီးတာတွေ၊ စိတ်ညစ်တာတွေ အရမ်းများ နေတဲ့အချိန် ရေကူးလိုက်မယ်ဆိုရင် သိသိသာသာ စိတ်ဖိစီးမှုလျော့ကျသွားစေမှာဖြစ်ပြီး စိတ်လက် ပေါ့ပါး လန်းဆန်း သွားစေမှာ ဖြစ်ပါတယ်။

လမ်းလျှောက်ခြင်း

https://s9.kh1.co/__image/w=650,h=429,q=100/b1/b13198defd3dd86e6255c1ffc65ac6ebf150a55e.jpg

လမ်းလျှောက်တာက စိတ်ညစ်တာတွေကို ပြေလျော့စေနိုင်မယ့် လေ့ကျင့်ခန်တွေထဲက အလွယ်ကူဆုံး နဲ့ အကျိုးအရှိဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တာက ခန္ဓာကိုယ်မှာ ရှိတဲ့ energy တွေကို ပိုထုတ်ပေးသလို ပင်ပန်းနွမ်းနယ်မှုကိုလည်း လျော့နည်းစေပါတယ်။ လမ်းလျှောက်ပြီး လေကောင်းလေသန့်ကို ရှု့ရှိုက်လိုက်တာက စိတ်ဖိစီးမှုကို‌ လျော့ကျစေတဲ့အပြင်  ခန္ဓာကိုယ်ကိုလည်း ကျန်းမာ ကြံ့ခိုင်စေပါတယ်။ 

ယောဂလေ့ကျင်ခြင်း

https://s9.kh1.co/__image/w=650,h=353,q=100/b3/b3dab53cc9e07e13cfc0f5eec984be491a4928d6.jpg

ယောဂကဆော့တာက စိတ်ဖိစီးမှုတွေ၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်ူးကို လျှော့ချပေးနိုင်တာကြောင့် စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ကစားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

စက်ဘီးစီးခြင်း

https://s9.kh1.co/__image/w=650,h=354,q=100/57/578883c04bba609cfaeefe84b02b4f7676a3a668.jpg

လေ့လာချက်တစ်ခုအရ ကိုယ်လက်လှုပ်ရှားပြီး ဖြတ်လတ်တဲ့ လူနေမှုပုံစံ ပိုင်ဆိုင်တဲ့သူတွေက ကိုယ်လက် လှုပ်ရှားမှု မရှိတဲ့ သူတွေထက် ၃၂ ရာခိုင်နှုန်းကျော်လွန်ပြီး စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ တွေ့ရှိရပါတယ်။  စက်ဘီးစီးတာက ကိုယ်ကာယလေ့ကျင့်ခန်းကို ပြင်ပပတ်ဝန်းကျင်မှာ နေထိုင်တာနဲ့ ရှုခင်းသစ်တွေ စူးစမ်းလေ့လာတာကို ပေါင်းစည်းပေးပါတယ်။ ဒီနည်းလမ်းတွေက မခက်လဲသလို လူတိုင်း လဲ အလွယ်တကူ လုပ်ဆောင်နိုင်မယ့် အားကစားတွေကိုပဲ မျှဝေပေးထားပါတယ်။

Photo Credit : Google

Source : Broke and Chic

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T