The Weekend နဲ့ music video တွဲရိုက်ထားတဲ့ Squid Game မင်းသမီး ဂျန်ဟိုယွန်

//s9.kh1.co/6d/6daa9f6b322043a4c8c067cc52f116a0e7222e13.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာ့ရုပ်ရှင်လောကဆီ ခြေတစ်ဖက်လှမ်းနေပြီ

Korea Next Top Model ပြိုင်ပွဲကနေ မော်ဒယ်တစ်ယောက်အဖြစ် နာမည်ကြီးလာသူလေးကတော့ ဂျန်ဟိုယွန်ပဲ ဖြစ်ပါတယ်။ သူမဟာ အမေရိကားအပါအဝင် ဒိတ်ဒိတ်ကြဲ နိုင်ငံတွေရဲ့ ဖက်ရှင်ရှိုးပေါင်းများစွာမှာ ပွဲလည်တင့်ခဲ့တဲ့ ကိုရီးယားမော်ဒယ်တစ်ယောက်ပါ။

https://s9.kh1.co/__image/w=640,h=798,q=100/d1/d13c79ca655f8a96046040184219012a91ff6f2a.png

Squid Game ဆိုတဲ့ ကိုရီးယား အက်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ ဂျန်ဟိုယွန့်ရဲ့ ဂုဏ်သတင်းဟာ ပိုပြီး ကျော်စောလာပါတော့တယ်။

https://s9.kh1.co/__image/w=480,h=722,q=100/b1/b1c61b4b56cc2cc96e31f37ee1901c4c1cb3a70a.jpg

Squid Game အဖွဲ့သားတွေနဲ့အတူတူ ဂျန်ဟိုယွန်ကိုယ်တိုင်လည်း ဟောလိဝုဒ်ပရိသတ်တွေကြားမှာပါ နေရာရလာပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/a0/a03f32e09696d5def5796980397f7eaee97a5ef6.jpg

အခုဆိုရင် နာမည်ကြီး ကနေဒါလူမျိုး အဆိုတော် The Weekend နဲ့တောင် တွဲပြီး Music video ရိုက်နေပါပြီ။

https://s9.kh1.co/__image/w=650,h=341,q=100/7f/7fb4e49729a9e90f776e227565fe7a7af44d6b92.jpg

The Weekend က သူ့ရဲ့ အသစ်ထွက်မဲ့ အဲဒီ ဗီဒီယိုလေးရဲ့ ဓာတ်ပုံအချို့ကို အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ သီချင်းနာမည်က Out of Time လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=1155,q=100/62/624dacbf963085c4849bb91a452034f8fbe10c4b.jpg

ဓာတ်ပုံထဲမှာ သူတို့ ၂ ယောက်ဟာ ဓာတ်လှေကားထဲ အကြည်ဆိုက်နေတဲ့ ပုံလေး မြင်ရပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/b8/b8b6b621f3d2d162f4f5863e0f5eb69ce96b1dea.jpg

အဲဒီပုံကို ဂျန်ဟိုယွန်လည်း ပြန် share ထားပါသေးတယ်။Music Video ထွက်လာရင် ဘယ်လို မြင်ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Ref : https://www.soompi.com/article/1520113wpp/the-weeknd-gives-sneak-peek-of-his-new-music-video-starring-squid-game-star-jung-ho-yeon

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T