ရိုက်ကွင်းကိုသွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ ကိုရီးယားပရိုဂျူဆာနဲ့အဖွဲ့

//s9.kh1.co/8e/8ee5769867bd1e189b96f6b896623cce12ee791c.jpg
နေ့စဉ်သတင်းများ

 ၃၁-မတ်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

The Joseon Psychiatrist Yoo Se Poong ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတဲ့ အဖွဲ့ကြီးဟာ ဒီနေ့မနက်မှာ ယာဥ်မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=540,h=720,q=100/a6/a6ff5ebebb93a061f05948cf71c8b4d1a69084a6.jpg

သူတို့ဟာ ဂယောင်ဂီဒို ခရိုင်၊ ဖာဂျူမှာ ရှိတဲ့ စတူဒီယိုကို သွားရင်းနဲ့ ဒီအဖြစ်ဆိုးကို ကြုံလိုက်ရတာပါ။ သူတို့ စီးလာတဲ့ ဘတ်စ်ကားကို ဓာတ်ဆီဆိုင်ထဲက ထွက်လာတဲ့ အမှိုက်ကားကြီးက ဝင်တိုက်လိုက်တာ ဖြစ်ပါတယ်။

ရိုက်ကွင်းတစ်နေရာ
ရိုက်ကွင်းတစ်နေရာ

ဒီမတော်တဆမှုကြောင့် ပရိုဂျူဆာတစ်ယောက် အသက်ဆုံးသွားပါတယ်။ ဒါရိုက်တာအဖွဲ့က လူ ၂ ယောက်ရယ် ပစ္စည်းသယ်တဲ့အဖွဲ့က ၃ ယောက်ရယ်ကတော့ ဆေးရုံမှာ ဆေးကုသဆဲဖြစ်ပြီး အခြေအနေစိုးရိမ်ရဆဲပါပဲ။

မင်းသားနဲ့ မင်းသမီး
မင်းသားနဲ့ မင်းသမီး

ဒီအဖြစ်အပျက်ကြောင့် ရိုက်ကူးရေးနဲ့ ထုတ်လုပ်ရေးကို အကန့်အသတ်မရှိ ရပ်နားမယ်လို့လည်း သိရပါတယ်။ 

https://s9.kh1.co/__image/w=240,h=240,q=100/06/06ba4a771f06e4be6402690f2ed30b2a0e4942d6.jpg

Ref : https://zapzee.net/2022/03/31/joseon-psychiatrist-yoo-se-poong-crew-got-into-a-major-car-accident-1-dead-and-many-injured/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T