ကမ္ဘာ့အတော်ဆုံး Guiter Hero ကစားသမားဟာ လူလိမ်အကြီးစားဖြစ်နေ

//s9.kh1.co/0f/0ffc03610ff49816be2cfb5fd64eacfaa853f1c5.jpg
E-Sports

 ၀၈-ဖေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့ Video တွေအားလုံးနီးပါးကို အတုလုပ်ခဲ့တာပါတဲ့

Guitar Hero ဆိုတဲ့ဂိမ်းလေးကိုတော့ အားလုံးတော်တော်များများသိကြမှာပါ။ငယ်ငယ်တုန်းက P2 နဲ့ဆော့လို့ရဂိမ်းလေးတစ်ခုဖြစ်ပြီး ဂိမ်းထွက်တာအရမ်းကြာနေပြီဆိုပေမဲ့ ခုချိန်ထိ Community တစ်ခုရှိနေသေးပြီး တော်တော်များများ‌ဆော့နေကြဆဲပါ။အဲ့လိုဆော့နေကြတဲ့လူတွေအများကြီးထဲမှာ ကမ္ဘာ့အတော်ဆုံး Guiter Hero ကစားသမားလို့သတ်မှတ်ခံထားရသူရှိပါတယ်။ဒါပေမဲ့ခုတော့သူဟာ ကမ္ဘာ့အကောင်းဆုံးမဟုတ်တော့ပဲ အဲ့ဒီ Community ထဲကနေတောင်ပျောက်ကွယ်သွားရမဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

Credit:Play Crazy Game
Credit:Play Crazy Game

Guiter Hero ဂိမ်းကိုလူသိပ်မဆော့ကြတော့ပေမဲ့ သူနဲ့ပုံစံတူ အခမဲ့ကစားနိုင်တဲ့ Clone Hero ဆိုတဲ့ဂိမ်းကို‌တော့ အရမ်းလူကြိုက်များကြပါတယ်။အဲ့လိုလူကြိုက်များရတဲ့အကြောင်းရင်းက သီချင်းတွေကို စိတ်ကြိုက်ဖန်တီးပုံဖော်နိုင်တာကြောင့်ပါ။အဲ့ဒါကြောင့်လည်း ကစားသူတွေဟာ အရမ်းခက်ခဲတဲ့ သီချင်းတွေ၊တီးလုံးတွေကို ကိုယ်တိုင်ဖန်တီးကစားနိုင်ကြပါတယ်။အဲ့လိုကစားသူတွေကြားထဲမှာ Schmooey ဆိုတဲ့ကစားသမားတစ်ယောက်က‌တော့ ကမ္ဘာ့အတော်ဆုံးကစားသမားလို့ သတ်မှတ်ခံထားရသူပါ။ဒါပေမဲ့ သူဆော့ပြထားတဲ့တချို့ Video တွေဟာအတုတွေဖြစ်ကြောင်း မကြာသေးခင်က ဖော်ထုတ်ခံလိုက်ရပါတယ်။

Schmooey ရဲ့စံချိန်များ (Credit:Reddit)
Schmooey ရဲ့စံချိန်များ (Credit:Reddit)

Speedrunning Content တွေကိုဖန်တီးသူ Karl Jobst ဟာ Schmooey ဆော့ထားတဲ့ Video တစ်ခုရဲ့အသေးစိတ်တွေကိုချပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက Schmooey ဆော့ပြတဲ့ သီချင်းတချို့ဟာ အတုတွေဖြစ်တယ်လို့သံသယရှိနေခဲ့ကြပေမဲ့ ဘယ်သူမှသေချာတဲ့သက်သေမရှာနိုင်ခဲ့ကြတာပါ။Schmooey ဟာအခက်ခဲဆုံးသီချင်းတွေကို အမြန်ဆုံးအချိန်နဲ့ ဆော့ပြနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာ Eternal Pain ရဲ့ 9 Pattern ကိုတီးနေတဲ့ Video ချပြပြီးချိန်မှာတော့ အားလုံးပြောင်းလဲသွားခဲ့ပါတယ်။

Karl Jobst ရဲ့ Video

အဲ့ဒီသီချင်းက အရမ်းခက်လွန်းလို့ Note တွေအားလုံးကို ပြီးအောင်နှိပ်နိုင်သူဆိုတာမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့သီချင်းကို Schmooey က Note တွေအကုန်မိအောင်ဆော့ပြလိုက်တဲ့အခါ အားလုံးရဲ့သံသယတွေပြန်ကြီးလာကြပါတယ်။ဒါကြောင့် Video ကိုသေချာလေ့လာပြီးချိန်မှာတော့ Screen ပေါ်မှာပေါ်နေတဲ့ Note တွေနဲ့ သူနှိပ်နေတဲ့ Note တွေကမူညီကြောင်း သိလာကြပါတယ်။Screen ပေါ်မှာ Window Media ပွင့်နေတာတောင်ပေါ်လာပါသေးတယ်။ဒါကြောင့်သူဟာ တကယ်‌ဆော့နေတာမဟုတ်ပဲ Video တစ်ခုကိုဖွင့်ပြပြီး အတုလုပ်နေတယ်လို့ ပိုသံသယဝင်လာကြပါတယ်။

Credit:Noxinfluencer
Credit:Noxinfluencer

အစပိုင်းမှာတော့ သူ့ကိုဝိုင်းပြောနေသူတွေကို ငြင်းခဲ့ပေမဲ့ နောက်တော့ သူ့ Video တွေအားလုံးနီးပါးကို အဲ့လိုပဲလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။စုစုပေါင်း အပုဒ်ရေ ၁၀၀ လောက်ရှိပါတယ်။ဗွီဒီယိုနှစ်ခုကို ဖြတ်ထားပြီးပြန်ပေါင်းတဲ့နည်းပညာနဲ့ Video ကိုအနှေးနဲ့ရိုက်ပြီးပြန်မြန်လိုက်တဲ့နည်းပညာ စတာတွေကိုအသုံးပြုပြီး အတုတွေလုပ်ခဲ့တာလို့သိရပါတယ်။သူတောင်းပန်တဲ့ Video တစ်ခုကိုလည်းတင်ခဲ့ပါတယ်။သူရရှိထားတဲ့ ပိုက်ဆံတွေအားလုံးကိုလည်းပြန်ပေးခဲ့ပြီး သူ့ရဲ့ Social Media အကောင့်တွေအားလုံးကိုလည်း ပိတ်ချခဲ့ပါတယ်။

တောင်းပန်တဲ့ Video

Schmooey ဟာကစားတာတော်သူတစ်ယောက်ဖြစ်ပြီး ပွဲတွေမှာပါ ပါဝင်ပေးရသူဖြစ်တာကြောင့် အခြေအနေတွေပိုဆိုးးကုန်တာဖြစ်ပါတယ်။သူတောင်းပန်ခဲ့တဲ့ Video ထဲမှာ လောဘကြီးခဲ့တာကြောင့်လို့ ပြောထားပါတယ်။ဒီအဖြစ်အပျက်ကနေ Cheater တွေဘယ်‌တော့မှပြေးမလွတ်ဘူးဆိုတဲ့ အချက်တစ်ချက်ကတော့ ကောင်းတဲ့အချက်လို့ထင်မိပါတယ်။ 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T